နေပြည်တော် ဇန်နဝါရီ ၂၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ အစည်း အဝေး (၁/၂၀၂၃)ကို ယမန်နေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က အမှာစကားပြောကြားရာတွင် စိုက်ပျိုးရေးလုပ်ငန်းများတွင် ဧက(၃၀၀)အောက်နှင့် ကျေးလက်ဒေသ တောင်သူလယ်သမားများနှင့် မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်လိုသူများအတွက် ဧက(၅၀) အောက် လျှောက်ထားလာပါက ပြည်ထောင်စုနယ်မြေ နေပြည်တော်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီအနေဖြင့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ပြီး ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကော်မတီအနေဖြင့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အမှန်တကယ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအတွက် အသုံးချနိုင်ရေးနှင့် အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိသည့် နေရာများကို ပြန်လည် သိမ်းဆည်းနိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ စိစစ်၍ ဗဟိုကော်မတီသို့ တင်ပြ ဆောင်ရွက်လျက်ရှိပါကြောင်း၊ သက်ဆိုင် ရာ ခရိုင်၊ မြို့နယ်များမှ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ စိစစ်တင်ပြလာသည့် ဆွေးနွေးဆုံးဖြတ်ရမည့် ကိစ္စရပ်များအား ကော်မတီဝင်များအနေဖြင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြား သည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များအား
ရှင်းလင်းတင်ပြသည်။
ယင်းနောက်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး
ကော်မတီအတွင်းရေးမှူး နေပြည်တော် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန
ညွှန်ကြားရေးမှူး ဦးတင်ထူးက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဆိုင်ရာ
ဆွေးနွေးဆုံးဖြတ်ရမည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး ကော်မတီအဖွဲ့ဝင်များက
သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြရာ တင်ပြချက်များနှင့်စပ်လျဉ်း၍
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးသည်။
ထို့နောက်
နေပြည်တော်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးကို ဆက်လက်ကျင်းပရာ နေပြည်တော်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး
နေပြည်တော် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး
ဦးတင်ထူးက လယ်ယာမြေစီမံခန့်ခွဲမှုဆိုင်ရာ ဆွေးနွေးဆုံးဖြတ်ရမည့် ကိစ္စရပ်များကို
ရှင်းလင်းတင်ပြရာ ရှင်းလင်းတင်ပြချက်များနှင့်ပတ်သက်၍ ဆုံးဖြတ်ရမည့်
ကိစ္စရပ်များကို နေပြည်တော်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့်
နေပြည်တော်လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေး
ဆုံးဖြတ်ကြပြီး နေပြည်တော်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ
ဦးတင်ဦးလွင်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)



No comments:
Post a Comment