Saturday, January 28, 2023

ကချင်ပြည်နယ်စီးပွားရေးရာ၀န်ကြီး ပူတာအိုခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့်ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး


 

ပူတာအို ဇန်နဝါရီ ၂၈

 ကချင်ပြည်နယ်အစိုးရအဖွဲ့၀င် ပြည်နယ်စီးပွားရေးရာ၀န်ကြီး ဦးမျိုးဆွေသည် ပြည်နယ်/ခရိုင်အဆင့် တည် ဆောက်ရေးလုပ်ငန်းများ အရည်အသွေးစစ်ဆေးရေးအဖွဲ့၀င်များနှင့်အတူ ယမန်နေ့ နံနက်(၈)နာရီက ပူတာအိုခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးသည်။

 





ရှေးဦးစွာ ပြည်နယ်၀န်ကြီးသည် ပူတာအိုမြို့ပန်းလှိုင်ရပ်ကွက် တောင်သူဒေါ်စွဲ့ဆလိဝါခြံ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လျှောက်ထားဆောင်ရွက်သွားမည့် စာဖိုးဆောင်သီးနှံဟင်းသီး ဟင်းရွက်စိုက်ခင်းများ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေမှု အခြေအနေများနှင့်စပ်လျဉ်း၍ ခရိုင်စိုက်ပျိုးရေး ဦးစီးဌာန ခရိုင်ဦးစီးမှူးဦးမြင့်ထွေးနှင့်မြို့နယ် ဦးစီးမှူးဦးကျော်ခိုင်တို့က နည်းစနစ်ကျ စိုက်ပျိုးနိုင်ရေး စိုက်ပျိုးနည်းပညာဖြင့် အကူအညီပေးလျက်ရှိသည့် အခြေအနေများကိုရှင်းလင်းတင်ပြရာ ပြည်နယ်၀န်ကြီးက စားဖိုဆောင်သီးနှံများစနစ်တကျဖြင့် တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဈေးကွက်ဖော်ထုတ်နိုင်ရေး တာဝန်ရှိများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်၀န်ကြီးသည် ပူတာအိုမြို့နယ်၊ပူတောင်းကျေးရွာအုပ်စု၊ မုဒုံကျေးရွာ၌ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ်သန်းပေါင်း (၂၄၇.၀၀)သန်းဖြင့် မုဒုံကွင်းတွင် ဧက(၆၀)အတွက်အကျိုးပြုမည့် မုဒုံရေလွှဲဆည်တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းအားကြည့်ရှုစစ်ဆေးပြီး စီမံကိန်းရှင်းလင်းဆောင်၌ တာ၀န်ရှိသူများ၏တင်ပြချက်များအပေါ် ပြည်နယ်၀န်ကြီးကလိုအပ်သည်များ ဖြည့်စွက်‌‌ဆောင်ရွက်နိုင်‌ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်၀န်ကြီးသည် ပူတာအိုမြို့၏ ရှေးမြို့ဟောင်းဖြစ်သည့် ပူတောင်းကျေးရွာဘုန်းကြီး ကျောင်းတွင် ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညိုကာ န၀ကမ္မ၀တ္တုအလှူတော် ငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး အဆိုပါပူတောင်းကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တောင်သူဒေါ်ပဒုမ္မနီမှ ၀က်နှစ်ကောင်စတင်မွေးမြူထားရှိမှု အခြေအနေများကိုကြည့်ရှုစစ်ဆေးပြီး ပြည်နယ်၀န်ကြီးက မွေးမြူရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အကျိုးဖြစ်ထွန်းနိုင်မှု အခြေအနေများကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်၀န်ကြီးသည် ပူတာအိုမြို့နယ် မုဒုံ-၁ ကျေးရွာ မဟာ၀န်သာသနာ့ရိပ်သာ သို့ရောက်ရှိပြီး ဆရာတော်အားဖူးမျှော်ကြည်ညိုပြိးသာသနာရေးဆိုင်ရာများလျှောက်ထားတင်ပြကာ အဆိုပါ မုဒုံ-၁ကျေးရွာအတွင်း ဒေသတွင်းရက်ကန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ကြမည့် တောင်သူများနှင့်တွေ့ဆုံကာ ရက်ကန်းလုပ်ငန်းသည် ရိုးရာအဝတ်အထည်များကို ဒေသထုတ်ကုန်အဖြစ် အကောင်အထည်ဖော်နိုင်မည်ဖြစ်သလို၊ ဒေသခရီးသွားလုပ်ငန်းဖွံ့ ဖြိုးတိုးတက်ရေးအတွက် အထောက် အကူပြုလာမည်ဖြစ်ကြောင်းမှာ အားပေးပြောကြားခဲ့သည်။

ထိုမှတဆင့် ပြည်နယ်၀န်ကြီးသည်မချမ်းဘော့မြို့နယ် ကောင်းမှုလုံစေတီတော်ဓမ္မာရုံတွင် ကောင်းမှုလုံစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်နှင့်မဟာအဘိဓမ္မာ(၇)ကျမ်းရွတ်ဖတ်ပူဇော်သော ဆရာတော် သံဃာတော်အရှင် သူမြတ်များအတွက် ၀တ္တုအလှူတော်ငွေများဆက်ကပ်လှုဒါန်းပြီး ပြည်နယ်၀န်ကြီးသည်ဆွမ်းစားဆောင်၌ ဆရာတော်သံဃာတော် အရှင်သူမြတ်များအား ကချင်ပြည်နယ် အစိုးရအဖွဲ့မှလှူဒါန်းသော နေ့ဆွမ်းကိုဆက်ကပ် လှူဒါန်းသည်။

ထို့နောက် ပြည်နယ်၀န်ကြီးသည် မချမ်းဘော့မြို့နယ်အတွင်း မချမ်းဘော့-ကောင်းမှုလုံ-မန်နို-ပန်ဆပ်လမ်း ပေါ်တွင် ဇော်ကန်ချောင်းကူးသံကူကွန်ကရစ်တံတား တည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုစစ် ဆေးပြီး စီမံကိန်းရှင်းလင်းဆောင်တွင် ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦး၀င်းသန့်အောင်က တံတားဆိုင်ရာအချက်အလက်များ၊ ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ရန်ကျန်ရှိမှု အခြေအနေများကိုရှင်းလင်းတင်ပြရာ ပြည်နယ်၀န်ကြီးက သတ်မှတ်စံချိန်စံညွန်းနှင့်အညီ သတ်မှတ်ကာလ အတွင်း အချိန်မီတည်ဆောက်ပြီးစီးရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးတို့ကို မှာကြားသည်။

ထိုမှတဆင့် ပြည်နယ်၀န်ကြီးသည် မချမ်းဘော့မြို့နယ် ဇော်ကန်ကျေးရွာ၊ အင်ဘူးဘော့ကျေးရွာနှင့် ပူတာအိုမြို့နယ် ၀င်းလုံကျေးရွာတောင်သူများ၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် ဆီမုန်ညှင်းစိုက်ခင်းများအား ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်၀န်ကြီးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တောင်သူများအား ရင်းနှီးမတည်ပေးနိုင်ရေး၊ ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းများနှင့်အညီ စိစစ်တင်ပြနိုင်ရေး တာ၀န်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ဖုန်ကန်(ပူတာအို)

No comments:

Post a Comment