Friday, January 27, 2023

ရုရှား-မြန်မာ နှစ်နိုင်ငံအကြား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေးဆွေးနွေး

နေပြည်တော် ဇန်နဝါရီ ၂၆

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ရုရှား - မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌဖြစ်သူ မစ္စတာ အန်နာသိုလီ ဘူးလော့ချ် နိကော့ (Mr. Anatoly Bulochnikov, Senior Vice-President of the Russia-Myanmar Association) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ငါးဖမ်းကဏ္ဍတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုရှားဖက်ဒရေးရှင်းငါးလုပ်ငန်းအေဂျင်စီနှင့် ပူးပေါင်း ဆောင်ရွက်ချက်များ၊ နှစ်နိုင်ငံ လယ်ယာထွက်ကုန် ပစ္စည်း ကုန်သွယ်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု မြှင့်တင် ဆောင်ရွက်ရေးဆိုင်ရာများ၊ ရုရှားသိပ္ပံဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံ စိုက်ပျိုးရေး သီးနှံများ၏ အပင်ဇီဝအရင်းအမြစ်များ စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ အသုံးပြုခြင်းအပါအဝင် လယ်ယာကဏ္ဍဆိုင်ရာ နည်းပညာနှင့် တီထွင် ဆန်းသစ်မှုတိုးတက်ရေး လုပ်ငန်းရပ်များနှင့် ပတ်သက်၍လည်းကောင်း၊ နှစ်နိုင်ငံပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးဆိုင်ရာများကိုလည်းကောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment