နေပြည်တော် ဇန်နဝါရီ ၂၇
တပ်မတော်(ရေ)အရာရှိငယ် (စီမံခန့်ခွဲရေး)သင်တန်းအမှတ်စဉ်(၈၂)၊ တပ်မတော်(ရေ) အရာရှိငယ်(အင်ဂျင်နီယာ)သင်တန်း အမှတ်စဉ်(၅၆)နှင့် တပ်မတော်(ရေ)အမျိုးသမီးအရာရှိငယ် သင်တန်းအမှတ်စဉ်(၈) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သန်လျင်တပ်နယ်ရှိ ရေတပ်လေ့ကျင့်ရေးဌာနချုပ် စစ်ရေးပြကွင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးဇေယျကျော်ထင်စည်သူမိုးအောင် တက်ရောက် မိန့်ခွန်းပြောကြားသည်။
အဆိုပါအခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ
ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံ၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်၊
ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ တပ်မတော်(ရေ)မှအရာရှိကြီးများ၊
ရန်ကုန်တပ်နယ်နှင့် သန်လျင်တပ်နယ်တို့မှ တပ်မတော်အရာရှိကြီးများ၊ ကျောင်းဆင်းအရာရှိများ၏
မိဘ ဆွေမျိုးများနှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများက
စစ်ရေးပြကွင်းအတွင်း ချီတက်နေရာ ယူကြပြီးနိုင်ငံတော်အလံအား အလေးပြုကြသည်။
ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးဇေယျကျော်ထင်စည်သူမိုးအောင်က
ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများ၏အလေးပြုခြင်းကိုခံယူပြီး ကျောင်းဆင်း တပ်ခွဲနှင့်ဂုဏ်ပြုတပ်ခွဲများကို
စစ်ဆေးသည်။
ထူးချွန်ဆုများပေးအပ်ချီးမြှင့်
ထို့နောက် ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများကကာကွယ်ရေးဦးစီးချုပ်(ရေ)အား
အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြသည်။ ဆက်လက်၍ ကာကွယ်ရေး ဦးစီးချုပ်(ရေ)ကတပ်မတော်(ရေ)အရာရှိငယ်(စီမံခန့်ခွဲရေး)
သင်တန်းအမှတ်စဉ်(၈၂)မှ အကောင်းဆုံးကျောင်းသားဆုရ ရေ ၅၆၅၄ ဗိုလ် စိုင်းခန့်သူရိန်နှင့်
ရေကြောင်းပညာစာပေ ထူးချွန်ဆုရ ရေ ၅၆၃၈ ဗိုလ် ပြည်သိန်းကျော် တို့ကိုလည်းကောင်း၊ တပ်မတော်(ရေ)အရာရှိ
ငယ်(အင်ဂျင်နီယာ)သင်တန်း အမှတ်စဉ်(၅၆)မှအကောင်းဆုံး ကျောင်းသားဆုရ ရေ ၅၆၆၂ ဗိုလ် နိုင်ဦးနှင့်
ရေကြောင်းအင်ဂျင်နီယာပညာစာပေထူးချွန်ဆုရရေ ၅၆၆၈ ဗိုလ် ကျော်မင်းဟိန်း တို့ကို လည်းကောင်း၊
တပ်မတော်(ရေ)အမျိုးသမီးအရာရှိငယ်သင်တန်း အမှတ်စဉ်(၈)မှ ကောင်းဆုံး ကျောင်းသားဆုရ ရေ
၅၆၇၄ဗိုလ် ဒေါ်ခိုင်ခန့်ခန့်ကျော်နှင့် ရေကြောင်းပညာစာပေထူးချွန်ဆုရ ရေ ၅၆၇၅ ဗိုလ်
ဒေါ်လဲ့နန္ဒာထွန်း တို့ကိုလည်းကောင်းထူးချွန်ဆုများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စားကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်စည်သူမိုးအောင်က
သင်တန်းဆင်းမိန့်ခွန်းပြောကြားရာတွင် သင်တန်းသားများကို သင်တန်းကာလအတွင်း နိုင်ငံတကာရေတပ်စံနှုန်းများနှင့်အညီ
ရေကြောင်းဆိုင်ရာ ပညာရပ်များ၊ ရေတပ်စက်မှု လက်မှုပညာရပ်များ၊ ရေတပ်လက်နက်နှင့် လက်နက်စနစ်ပညာရပ်များနှင့်
ရေတပ်အုပ်ချုပ် ထောက်ပံ့မှုပညာရပ်များကို စာတွေ့၊ လက်တွေ့လေ့ကျင့်သင်ကြားပေးခဲ့ပြီးဖြစ်၍
စစ်ရေ ယာဉ်ကြီးများတွင် တွဲဖက်ပဲ့စင်တာဝန်ကျအရာရှိ (Junior Officer of the Watch) နှင့်
တွဲဖက်စက်မှုလက်မှုတာဝန်ကျအရာရှိ (Juni-or Engineer Officer of the Watch) များအဖြစ်
လက်တွေ့လုပ်ငန်းခွင်တွင် ဆက်လက်လေ့လာဆည်းပူးသွားရဦးမည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင်လက်တွေ့လေ့ကျင့်မှုများပြီးဆုံးသွားသည့်အချိန်တွင်
အရည်အချင်း ပြည့်မီသူများကိုသာ စစ်ရေယာဉ်များတွင် တာဝန်ပေးအပ်သွားမည်ဖြစ်ပြီး ထိုက်သင့်သည့်ပင်လယ်ပြင်လုပ်သက်နှင့်
လုပ်ငန်းအတွေ့အကြုံရရှိပြီးချိန်တွင် အထူးပြု ဘာသာရပ်ဆိုင်ရာသင်တန်း (Specialized
Course) များကို ထပ်မံတက်ရောက်လေ့လာ သင်ကြားကြရမည်ဖြစ်ကြောင်း။
အများကအတုယူရသည့်
စစ်သမီးများဖြစ်အောင်ကြိုးစား
ယနေ့ခေတ် အမျိုးသမီးအရာ ရှိ၊စစ်သည်များအနေဖြင့်
ခက်ထန်ကြမ်းတမ်းသည့် ပင်လယ်သမုဒ္ဒရာကို မိုင်ထောင်ချီဖြတ်ကျော်ကာ ပြည်ပနိုင်ငံချစ်ကြည်ရေးခရီးစဉ်များနှင့်
ပူးတွဲလေ့ကျင့်ခန်းများတွင် အမျိုးသားအရာရှိ၊ စစ်သည်များနည်းတူ ရင်ပေါင်တန်းပါဝင်ဆောင်ရွက်နိုင်ခဲ့ကြကြောင်း၊
မျိုးဆက်သစ် အမျိုးသမီးအရာရှိငယ်များအနေ ဖြင့် ပညာရပ်ပိုင်းဆိုင်ရာကျွမ်းကျင်ပြီး အများကအားကျအတုယူရသည့်
စစ်သမီးများဖြစ်အောင် အလေးအနက်ထား ကြိုးစားတာဝန်ထမ်းဆောင်သွားရန်လိုကြောင်း။
မြန်မာ့ပင်လယ်ပြင်သည် ဘင်္ဂလားပင်လယ်အော်၊
ကပ္ပလီပင်လယ်ပြင်တို့နှင့် ဆက်စပ် တည်ရှိနေပြီး မဟာဗျူဟာအရ အရေးပါသည့်နေရာတစ်ခုဖြစ်ကြောင်း၊
နိုင်ငံတော်၏ရေကြောင်းဆိုင်ရာ အကျိုးစီးပွားများအတွက် အခွင့်အလမ်းများစွာ ဖော်ဆောင်
ပေးနိုင်သည့်အနေအထားဖြစ် သကဲ့သို့ပဋိပက္ခအသွင်ဆောင်သည့် ခြိမ်းခြောက်မှုအလား အလာများလည်းရှိနေကြောင်း။
တပ်မတော်(ရေ)အနေဖြင့် နိုင်ငံတော်၏ ရေကြောင်းအကျိုးစီးပွား၊
အခွင့်အလမ်းများကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နေသကဲ့သို့ ခြိမ်းခြောက်မှုတုံ့ပြန်ကာကွယ်နိုင်ရေး
အတွက်လည်း တာဝန်ယူဆောင်ရွက်လျက်ရှိကာ “မြန်မာ့ပင်လယ်ဒို့ကာကွယ်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ
မြန်မာ့ပင်လယ်ပြင်ကို စောင့်ရှောက်ကာကွယ်ရန်ဖြစ်သည်ကို အမြဲနှလုံးသွင်းခံယူချက်ပြင်းပြနေရန်
အလေးအနက်ထားမှာကြားလိုကြောင်း။
၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ စိန်ရတုတပ်မတော်(ရေ)
နှစ်ပတ်လည်နေ့နှင့် စစ်ရေယာဉ် များတပ်တော်ဝင်အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “နိုင်ငံတော်၏ အချုပ်အခြာအာဏာ
တည်တံ့ခိုင်မြဲရေးအတွက် အကောင်းဆုံးသောအာမခံချက်မှာ စွမ်းရည်ထက်မြက် သည့်ကာကွယ်ရေးအင်အားစု
တည်ဆောက်ပိုင်ဆိုင်ခြင်းပင်ဖြစ်ကြောင်း၊ စစ်ရေယာဉ်များ တည်ဆောက်ဖြည့်တင်းပေးရန်၊ လူသားအရင်းအမြစ်များ
ပိုမိုတိုးတက်ကောင်းမွန်အောင် ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့်
လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း” မြွက်ကြားခဲ့ကာစစ်ရေယာဉ်များ
တည်ဆောက်ရေးနှင့် ပတ်သက်ပြီး ၂၀၁၁ ခုနှစ်မှယနေ့အထိ ဆယ်စုနှစ်တစ်စုကျော်ကာလအတွင်း စစ်ရေယာဉ်အစင်း
၁၀၀ ကျော်ကိုတည်ဆောက်တပ်တော်ဝင်နိုင်ခဲ့ကြောင်း၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ခေတ်မီ Ship Handling Simulator များ၊ Engine Room Simulator ၊ Damage Control
Simulator နှင့် War Game Simulator ကိုလည်း အဆင့်မြှင့် တင်ပေးခဲ့ပြီး လေ့ကျင့်ရေးစနစ်၏
ထိရောက်မှုနှင့်စွမ်းဆောင်မှုများကို ပိုမိုတိုးတက်လာစေ ခဲ့ကြောင်း။
စွမ်းရည်တိုးတက်သည့်
ရေတပ်ဖွဲ့ဖြစ်အောင်ကြိုးပမ်း
တစ်ဦးချင်းအရည်အချင်း တိုးတက်စေရန်အတွက်
ပြည်တွင်းသင်တန်းများတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် အရာရှိ၊ စစ်သည်များကို ပြည်ပနိုင်ငံများသို့
စေလွှတ်တက်ရောက်စေလျက်ရှိကြောင်း၊ ပြည်ပနိုင်ငံများမှ ကျွမ်းကျင်သူ Mobile Training
Team နည်းပြများကိုခေါ်ယူကာ လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ကြောင်း၊ တပ်မတော်(ရေ)၏ မျှော်မှန်းချက်အမြင်
(Vision) မှာ မြန်မာ့ပင်လယ်ပြင်သီးသန့်စီးပွားရေးဇုန်အား အပြည့်အဝ ကာကွယ်နိုင်ရေးအတွက်
သုံးဘက်မြင်စစ်ဆင်နိုင်စွမ်းရှိသည့် တိုက်ပွဲဝင်အသင့်ရေတပ် (Three Dimensional
Combat Ready Navy) အဖြစ် မျှော်မှန်းတည်ဆောက်လျက်ရှိကြောင်း၊ စစ်ရေ ယာဉ်တစ်စင်းချင်း၏
စွမ်းရည်မြင့်မားလာမှုနှင့်အတူ တပ်မတော်(ရေ)၏ စွမ်းရည်လည်းတိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း၊
တစ်ဦးတစ်ယောက်ချင်းမှသည် အဖွဲ့အစည်းစိတ်ဓာတ်၊ ရဲဘော်ရဲဘက်စိတ်ဓာတ်အပြည့်ဖြင့် စွမ်းရည်တိုးတက်သည့်
ရေတပ်ဖွဲ့ ဖြစ်အောင်ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
ဝိုင်းဝန်းကြိုးစားသွားကြရန်တိုက်တွန်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်က “ကာကွယ်ရေးရဲ့သဘောသဘာဝဟာ
ကြိုတင်မျှော်တွေးပြင်ဆင် လေ့ကျင့်နေရတာဖြစ်လို့ အမြဲ လေ့ကျင့်နေမှသာပင်လယ်ပြင်မှ ကျူးကျော်လာတဲ့
မည်သည့် ရန်သူကိုမဆို အချိန်အခါမရွေး တုံ့ပြန်ချေမှုန်းနိုင်မှာဖြစ်ပြီး မြန်မာ့ပင်လယ်ပြင်
ကာကွယ် ရေးအတွက် ထိရောက်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း” ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ၂၄
ရက်နေ့ စိန်ရတုတပ်မတော်(ရေ) နှစ်ပတ်လည်နေ့တွင် မိန့်ကြားခဲ့ကြောင်း၊ အရာရှိများအနေဖြင့်
ပင်လယ်ရေကြောင်းဥပဒေများ၊ နိုင်ငံတကာရေကြောင်းဥပဒေများနှင့် ပြည်တွင်းရေကြောင်းဥပဒေများကိုပါ
သိရှိလိုက်နာရမည့်အပြင် စစ်ပွဲဆိုင်ရာဥပဒေ (Law of Armed Conflict) နှင့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း
(Rules of Engagement) များကိုလည်း သိရှိလိုက်နာဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အရာရှိငယ်ဘဝတွင်ကတည်းက
တပ်မတော်၏ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ၊ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် ဆိုင်ရာရုံးလုပ်ငန်းများကို
တိတိကျကျနားလည်လိုက်နာဆောင်ရွက်နိုင်မှသာ အောင်မြင်သည့် ခေါင်းဆောင်ကောင်းများအဖြစ်
အဆင့်မြင့်တာဝန်များကို ဆက်လက်ထမ်းဆောင်နိုင်မည်ဖြစ် ကြောင်း၊ အနာဂတ်တပ်မတော် (ရေ)ကိုပခုံးပြောင်းတာဝန်ယူကြရမည့်
ခေါင်းဆောင်ငယ်များ ပီပီ မိမိတို့တာဝန်ကျရာဒေသနှင့် ကဏ္ဍအသီးသီးတို့တွင် အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ်
“လှေခွက်ချည်းကျန်အလံမလဲစိတ်ဓာတ်” ဖြင့် တက်တက်ကြွကြွ ဝိုင်းဝန်းကြိုးစားလုပ် ဆောင်သွားကြရန်
တိုက်တွန်းပြောကြားလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ကာကွယ်ရေးဦးစီးချုပ်(ရေ)သည် ကျောင်းဆင်းတပ်ခွဲနှင့်
ဂုဏ်ပြုတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး စစ်ရေးပြအခမ်းအနားမှပြန်လည် ထွက်ခွာသွားသည်။
အခမ်းအနား အပြီးတွင် ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် အခမ်းအနားသို့တက်ရောက်လာသော အရာရှိကြီးများသည်
ကျောင်းဆင်းအရာရှိများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့အတူ သင်တန်းဆင်းပွဲအခမ်းအနားသို့တက်ရောက်လာသော
တပ်မတော်(ရေ)အငြိမ်းစား အမျိုးသမီးအရာရှိ၊ စစ်သည်များနှင့် လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသည့်
မျိုးဆက်သစ်အမျိုးသမီး အရာရှိ၊ စစ်သည်များ သည်ရေတပ်လေ့ကျင့်ရေးဌာနချုပ်ရှိ
Department of Maritime Operations(DMO) ခန်းမ၌တွေ့ဆုံကာ ရေကြောင်းဆိုင်ရာ ဗဟုသုတနှင့်အတွေ့အကြုံများကို
အပြန်အလှန်နှီးနှောဖလှယ်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment