Friday, January 27, 2023

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့နယ် နေကြာမျိုးစေ့စိုက်ပျိုးပွဲတက် ရောက်အားပေး၊ ဘုရားကျောင်းကန်များ သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် စေတီပုထိုးများအား ထုံးသင်္ကန်းကပ်ခြင်းများ ကြည့်ရှုအားပေး

 

ပုသိမ် ဇန်နဝါရီ ၂၇

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ညနေပိုင်းက ပုသိမ်မြို့နယ်၊ ပေါက်ကုန်းကျေးရွာတောင်သူဦး အောင်ကျော်ခိုင်၏ လယ်မြေ(၅)ဧက၌ ပြုလုပ်သည့်  နေကြာမျိုးစေ့စိုက်ပျိုးပွဲတက် ရောက်ခဲ့သည်။







ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများနှင့်အတူ (Super Sun 41) နေကြာမျိုးစေ့များအား စုပေါင်းစိုက်ပျိုးပေးခဲ့ပြီး ရေပေးခြင်း၊ အစာကျွေးခြင်းလုပ်ငန်းများ စနစ်တကျဆောင်ရွက်ရန်နှင့် ဖြစ်ထွန်းအောင်မြင်အောင် စိုက်ပျိုးကြရန်မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၈)ခရိုင်၊ မြို့နယ် (၂၆)မြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများတွင် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ ဦးဆောင်ကာ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများမှ မိမိတို့ခရိုင်၊ မြို့နယ်များအလိုက် ဘုရားကျောင်းကန်များ သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် စေတီပုထိုးများအား ထုံးသင်္ကန်းကပ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ပုသိမ်ခရိုင်၊ ပုသိမ်မြို့ရှိ လေးကျွန်းရန်အောင် ဖောင်တော်ဦးစေတီတော်မြတ်၊ တဂေါင်းမင်္ဂလာမဟာ စေတီတော်မြတ်၊ လောကနန္ဒာ စေတီတော်မြတ်နှင့် ပုသိမ်မြို့ပေါ်ရှိ ဘုရားစေတီများအား ရေသပ္ပာယ်ခြင်း၊ ထုံးသင်္ကန်းကပ်ခြင်း၊ ရောင်တော်ဖွင့်ခြင်း၊ စေတီတော်ရင်ပြင်တော်များအား တံမြက်လှည်းသန့်ရှင်းရေး ကုသိုလ်ယူခြင်းများ ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှု အားပေးခဲ့သည်။ ထို့အတူ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း ဘုရားကျောင်းကန်များ သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် စေတီပုထိုးများအား ထုံးသင်္ကန်းကပ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)

No comments:

Post a Comment