Saturday, January 28, 2023

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ၂၀၂၁-၂၀၂၂ ခုနှစ်၊ စာအောင်သံဃာတော်များအား စာအောင်ဆုနှင်းသဘင် ပူဇော်ပွဲမင်္ဂလာအခမ်းအနားသို့တက်ရောက်

 

ထားဝယ် ဇန်နဝါရီ ၂၈

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၂၁-၂၀၂၂ ခုနှစ်၊  စာအောင်သံဃာတော်များအား စာအောင်ဆုနှင်းသဘင် ပူဇော်ပွဲမင်္ဂလာအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပရာ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက သာသနာ့ဗိမာန်တော်ကြီး၌ ကိန်းဝပ်စံပယ်တော်မူသော ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရွှေကြာသင်္ကန်း နှင့် ပန်း/ ရေချမ်း/ ဆီးမီး ကပ်လှူဇော်သည်။









အခမ်းအနားတွင်တိုင်းဒေသကြီးအစိုးရအဖွဲ့ အမှူးပြုသော ဖိတ်ကြားထားသော ဧည့်သည်တော်များက အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မင်္ဂလာဝိုင်းတော်အဖွဲ့ ကထူးမခြားနားသီချင်းဖြင့် သီဆိုပူဇော်ကာ နိုင်ငံတော်သြဝါဒါစရိယဆရာတော်၊ ထားဝယ်မြို့၊ ဃောသိတရာမပါဠိတက္ကသိုလ် ကျောင်းတိုက်ပဓာန နာယက (အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တပညာသာမိ ဆရာတော်ကြီးထံမှ (၅)ပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။

ထို့နောက်ဆရာတော်သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္စျာယ်ချီးမြှင့်တော်မူသော အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူကြည်ညိုပြီးတိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီဦးမြတ်ကို က သာသနာရေးဆိုင်ရာများလျှောက်ထားကာ ကြွရောက်တော် မူလာကြသော ဆရာတော်ကြီးများအား တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ ၂၀၂၁-၂၀၂၂ခုနှစ်၊ ထားဝယ်စာဖြေဌာနမှ ဓမ္မာစရိယနှင့်ပထမပြန်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုအောင်မြင်တော်မူခဲ့သော စာအောင်သံဃာတော်များ၊ သီလရှင်များနှင့်လူပုဂ္ဂိုလ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်သီရိပျံချီ ဦးမြတ်ကို၊   တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက အောင်လက်မှတ်နှင့် စာအောင်ဆုများဆက်ကပ်လှူဒါန်းပြီး ထားဝယ်မြို့၊ ဇေယျဝတီကျောင်းတိုက် (အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တနန္ဒဝံသ ဆရာတော်ကြီးထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူကြည်ညို ၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

၄င်းနောက်တက်ရောက်လာကြသော ဧည့်သည်တော်များက ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆိုဆုတောင်းကာ မင်္ဂလာဝိုင်းတော်အဖွဲ့က အောင်စေပိုင်စေ ဓမ္မတေးဖြင့်သီဆိုပူဇော်၍ အခမ်းအနားကို ရုပ်သိမ်းသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်စာဖြေဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ်၊ ဓမ္မာစရိယ၊ နိကာယ်နှင့် ပထမပြန်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုအောင်မြင်ကြသော စာအောင်သံဃာတော်၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များမှာ ဓမ္မာစရိယ(၃) ကျမ်းအောင် သံဃာတော်(၁)ပါးနှင့် သီလရှင်(၁)ပါး၊ နိကာယ်အုပ်စု(၁)အောင် သံဃာတော်(၂)ပါး၊ နိကာယ်အုပ်စု(၈)အောင် သံဃာတော် (၂)ပါး၊ ပထမကြီးတန်း အောင်သံဃာတော်(၃)ပါး၊ ပထမလတ်တန်းအောင် သံဃာတော်(၆)ပါး၊ ပထမငယ်တန်းအောင် သံဃာတော်(၁၂)ပါး၊ အခြေပြုမူလတန်းအောင်သံဃာတော်(၃၉)ပါး၊  မြိတ်ခရိုင်မှစာအောင်သံဃာတော်/ သီလရှင်(၁၄၂)ပါး၊ ကော့သောင်းခရိုင်မှ စာအောင်သံဃာတော်/ သီလရှင်(၄၂)ပါး၊ ရှိကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ ဆက်)

 

No comments:

Post a Comment