နေပြည်တော် ဒီဇင်ဘာ ၁၈
အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့အထိမ်း အမှတ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဖလား ပြည်နယ်နှင့် တိုင်းဒေသကြီး (အလွတ်တန်း ဖိတ်ခေါ်) U-18 (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ တတိယလုပွဲကို ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံး အားကစား ကွင်း၌ ဆက်လက်ကျင်းပသည်။
ကြည့်ရှုအားပေး
တတိယနေရာ လုပွဲကို နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသော ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ Jeng Phang နော်တောင်၊ ဒေါက်တာ ဗညားအောင်မိုး၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာ မျိုးသန့်နှင့်ဇနီး၊ ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်နှင့် ဘောလုံးအားကစားဝါသနာ ရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။
တတိယရရှိ
U-18 (အမျိုးသမီး) ဘောလုံး ပြိုင်ပွဲ တတိယလုပွဲကို ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း၌ ကျင်းပ ရာ ဧရာဝတီတိုင်းဒေသကြီးအသင်း က ကချင်ပြည်နယ်အသင်း ကို ငါးဂိုး ဂိုးမရှိဖြင့် ယှဉ်ပြိုင် အနိုင်ရရှိခဲ့ပြီး တတိယရရှိခဲ့ သည်။
အခမဲ့လာရောက်ကြည့်ရှုနိုင်
ဒီဇင်ဘာ ၁၉ ရက်တွင် ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစား ကွင်း၌ မွန်းလွဲ ၃နာရီမှ စတင်၍ U-18 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ရှမ်းပြည်နယ် အသင်းနှင့် မန္တလေးတိုင်းဒေသ ကြီးအသင်းတို့ ဆက်လက် ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ် ရာ ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စား သည့် အားကစား ဝါသနာရှင်များအနေဖြင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment