စစ်တွေ ဒီဇင်ဘာ ၁၉
ရခိုင်ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုး တိုးတက်ရေးနှင့်စပ်လျဉ်း၍ ပြခန်းများပြသနိုင်ရေးအတွက် ဌာနဆိုင်ရာများမှ ရှင်းလင်းတင်ပြခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်
ဒေါက်တာအောင်ကျော်မင်းက စစ်တွေမြို့တွင် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်
ရခိုင်ပြည်နယ် MSME ထုတ်ကုန်ပြပွဲနှင့်ရောင်းချပွဲကို ကျင်းပခဲ့ပါကြောင်း၊ ပထမအကြိမ်ဆောင်ရွက်ခြင်းဖြစ်သော်လည်း
အောင်မြင်မှုများရရှိခဲ့ပါကြောင်း၊ ဆက်လက်ဆောင်ရွက်မည့် ရခိုင်ပြည်နယ်အတွင်း အသေးစား၊
အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအားပြခန်းများ ခင်းကျင်းပြသနိုင်ရေးနှင့်စပ်လျဉ်း၍
အဆင်ပြေ ချောမွေ့ရေး၊ စနစ်တကျရှိစေရေး၊ ပြည့်ပြည့်စုံစုံတင်ပြနိုင်ရေး၊ MSME လုပ်ငန်းကဏ္ဍများ
အောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်း အဝေးကျင်းပရခြင်းဖြစ်ကြောင်း
ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော ပြည်နယ်အဆင့်ဌာနဆိုင်ရာများက
မိမိတို့ဌာနအလိုက် MSME လုပ်ငန်းများနှင့်ပတ်သက်၍ ပြခန်းများဆောင်ရွက်နိုင်မည့်အခြေအနေများ၊
တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် MSME လုပ်ငန်းပြခန်းများ ခင်းကျင်းပြသနေမှုများ၊
ရခိုင်ပြည်နယ်အတွင်းပြသနိုင်မည့် MSME လုပ်ငန်းထုတ်ကုန်များ စသည့်တို့ကို ရှင်းလင်းဆွေး
နွေးတင်ပြကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးများနှင့် အစိုးရအဖွဲ့ဝင်များ၊
ဌာနဆိုင်ရာများက ဖြည့်စွက် အကြံပြုဆွေးနွေးတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က
ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း
No comments:
Post a Comment