မြန်မာနိုင်ငံ၏ နယ်စပ်နယ်မြေ အသီးသီးတွင် မိဝေးဖဝေးနှင့်မိသားစု ဝေးကွာစွာဖြင့် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို နေမအား ညမနား ထမ်းဆောင်လျက်ရှိသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် နယ်ခြားစောင့်တပ်ဖွဲ့များ တဒင်္ဂခတ္တခဏမျှ စိတ်ပျော်ရွှင်ကြည်နူးချမ်းမြေ့စေရန်နှင့် ဘဝအမောများ ပြေပျောက်စေရန်အတွက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(MRTV)မှ ဖျော်ဖြေရေး အဖွဲ့သူအဖွဲသားများ၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့်ပြည်သူ့ ဆက်ဆံရေးအဖွဲ့များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများက ကျောပိုးအိတ်ဖျော်ဖြေရေး အဖွဲ့ငယ်များ ဖွဲ့စည်းကာတိုင်းစစ်ဌာနချုပ် အသီးသီးရှိ ရှေ့တန်းစခန်းများသို့ မိသားစုများ၏ကိုယ်စား ကိုယ်ချင်းစာစိတ်အပြည့်အဝဖြင့် အလှည့်ကျသွားရောက် ဂုဏ်ပြုဖျော်ဖြေသီဆို ကပြလျက်ရှိသည်။
ထိုသို့ ရှေ့တန်းစခန်းများရှိ တပ်မတော်သားများ၊ နယ်ခြားစောင့်တပ်ဖွဲ့များအား သွားရောက်ဂုဏ်ပြု သီဆိုကပြ ဖျော်ဖြေလျက်ရှိရာ ဒီဇင်ဘာ ၂ ရက်နှင့် ယနေ့တို့တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်နယ်မြေရှိ ရှေ့တန်းစခန်များနှင့် မြဝတီ၊ ကျိုက်ဒုံ၊ ကြာအင်းဆိပ်ကြီးတို့ရှိ နယ်မြေခံ တပ်ရင်းဌာနချုပ်များသို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV)မှ ဖျော်ဖြေရေးအဖွဲ့သူ အဖွဲ့သားများ၊ နယ်လှည့်ပြည်သူ့ ဆက်ဆံရေးအဖွဲ့များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများက စစ်ချီတေးသီချင်းများ၊ ခေတ်ပေါ်နှင့် ခေတ်ဟောင်းတေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေကြရာ ရှေ့တန်းစခန်းများနှင့် တပ်ရင်းဌာနချုပ်များရှိ တပ်မတော်သားများနှင့် မိသားစုဝင်များ၊ နယ်ခြားစောင့် တပ်ဖွဲ့များက လုံခြုံရေးအရ အလှည့်ကျစနစ်ဖြင့် စိတ်ပျော်ရွှင် ကြည်နူးချမ်းမြေ့စွာဖြင့် ကြည့်ရှုအားပေး၍ အချို့စစ်သည်များမှာလည်း လွတ်လပ် ပေါ့ပါးစွာဖြင့် ပါဝင်သီဆိုကြသည်။ ရှေ့တန်းစခန်းအလိုက်နှင့် ဌာနချုပ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများက လာရောက်သီဆို ဖျော်ဖြေပေးကြသည့် ဖျော်ဖြေရေး အဖွဲ့များကိုလည်း ဂုဏ်ပြုဆုငွေများ ပေးအပ်ကြပြီး ဒေသထွက်အစားအစာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သတင်းရရှိသည်။
No comments:
Post a Comment