Sunday, December 4, 2022

MITV News Studio ဆက်တင်ဒီဇိုင်းဆန်းသစ်မှုဖြင့် စတင်ရိုက်ကူးထုတ်လွှင့်

 



ရန်ကုန် ဒီဇင်ဘာ ၃

MITV News Studio ဆက်တင် ဒီဇိုင်းဆန်းသစ်မှုဖြင့် စတင် ရိုက်ကူးထုတ်လွှင့်ခြင်း အခမ်း အနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MITV News Studio ၌ ကျင်းပသည်။

အခမ်းအနားသို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ညွှန်ကြား ရေးမှူးချုပ် ဦးရဲနိုင်နှင့် တာဝန်ရှိသူများ၊ ရွှေသံလွင်မီဒီယာကုမ္ပဏီ လီမိတက်မှ MD ဦးမင်းမင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ညွှန်ကြားရေးမှူး ချုပ် ဦးရဲနိုင်က MITV News Studio ဆိုင်းဘုတ်ကို ဖွင့်လှစ် ပေးပြီး အမွှေးနံသာရည်ဖြင့် ပက်ဖျန်းပေးသည်။ ဆက်လက်၍ MITV News Studio ဆက်တင် ဒီဇိုင်း ဆန်းသစ်တည်ဆောက်မှုကို ဦးရဲနိုင်နှင့် MD ဦးမင်းမင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး(ယာပုံ) နောက်ခံဆက်တင် ဒီဇိုင်းအသစ်ဖြင့် စတင်အသုံးပြုနိုင်ရန် Smart TV မျက်နှာပြင်အား Touch ပြုလုပ်၍ ဖွင့်လှစ်ပေးသည်။

ထို့နောက် MITV News Studio ဆန်းသစ်တည်ဆောက်မှု မှတ်တမ်းဗီဒီယိုအား ကြည့်ရှု ကြပြီး သတင်းစတင်ရိုက်ကူးမှုကို ကြည့်ရှုအားပေးကြသည်။

ယင်းနောက် MITV News Studio ဆန်းသစ်တည်ဆောက်ပြီး စတင်ရိုက်ကူး ထုတ်လွှင့်နိုင်မှု အထိမ်းအမှတ်အဖြစ် MITV အမှတ်တံဆိပ်ပါ အမှတ်တရ လက်ဆောင်အား MD ဦးမင်းမင်းက ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်ထံ ပေးအပ်သည်။

Myanmar International TV Channel (MITV) ဖွံ့ဖြိုးတိုးတက် ရေးအတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ရွှေသံလွင် မီဒီယာ ကုမ္ပဏီလီမိတက်တို့သည် ၂၀၁၀ ပြည့်နှစ်မှစ၍ ပူးပေါင်း ဆောင်ရွက်ခဲ့ရာမှ ယခုအခါ MITV News Studio နောက်ခံဆက်တင် ဒီဇိုင်းဆန်းသစ် တည်ဆောက်ခြင်းကို ရွှေသံလွင်ကုမ္ပဏီက ထိုင်းနိုင်ငံမှ ဂရပ်ဖစ်ပညာရှင်ထံ အပ်နှံရေးဆွဲကာ ငွေကျပ် သိန်း ၁၀၀ ခန့်အကုန်အကျခံ၍ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

MITV Channel သည် မြန်မာ နိုင်ငံတွင် အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်နေသည့် တစ်ခုတည်းသော Channel ဖြစ်ပြီး အစီအစဉ်ကောင်းများ၊ ပြည်တွင်းနှင့် နိုင်ငံတကာသတင်းများကို နေ့စဉ်နံနက် ၇ နာရီမှ မွန်းလွဲ ၃ နာရီ အထိ ၂၄ နာရီအတွင်း သုံးကြိမ် သတင်း update ပြုလုပ်၍ ပုံမှန် ထုတ်လွှင့်လျက်ရှိကြောင်း သိရသည်။​​​​​​​​​

 သတင်းစဉ်

No comments:

Post a Comment