Tuesday, December 6, 2022

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ရုရှားနိုင်ငံ အဆင့်မြင့်ပညာရေး၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Ms. Natalia A. Bocharova အား လက်ခံတွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာ ၅

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရုရှားနိုင်ငံ အဆင့်မြင့်ပညာရေး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Ms. Natalia A. Bocharova နှင့်ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ ၅ နာရီတွင် နေပြည်တော်ရှိ Naypyitaw State Academy ၌ လက်ခံတွေ့ဆုံသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာကဏ္ဍ လုပ်ငန်းဆောင်ရွက်မှုများနှင့် Naypyitaw State Academy ဆက်လက်တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် Naypyitaw State Academy ဒုတိယ ပါမောက္ခချုပ် ဒေါက်တာနုနုလွင်က Naypyitaw State Academy ၏ ဖွဲ့စည်းပုံ၊ ဝန်ထမ်းအင်အား၊ ကျောင်းသားအင်အား၊ လက်ရှိသင်ကြားနေသည့် အထူးပြု ဘာသာရပ်ဆိုင်ရာ သင်တန်းများ၊ ဆက်လက်ဖွင့်လှစ်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ရုရှားနိုင်ငံဒုတိယဝန်ကြီးတို့သည် ပညာတော်သင်များ တိုးမြှင့်စေလွှတ်နိုင်ရေး၊ သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံပညာရေးဆိုင်ရာ ပိုမိုပူးပေါင်းဆောင်ရွက်ရေးနှင့် ရုရှားဘာသာစကား သင်ကြားရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment