နေပြည်တော် ဒီဇင်ဘာ ၁၉
၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းတွင်း နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ တက်ရောက်ကြည့်ရှုအားပေးကြပြီး ဆုများပေးအပ်ချီးမြှင့်သည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊
ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊
နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ
အားကစားအသင်းများအလိုက် အုပ်ချုပ်သူများ၊ နည်းပြများနှင့် အားကစားသမားများ၊ ဝန်ကြီးဌာနများမှတာဝန်ရှိသူများနှင့်
ဝန်ထမ်းများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်ပြည်သူများ
တက်ရောက်ကြည့်ရှုအားပေးကြသည်။
၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်)
အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် ရှမ်းပြည်နယ်အသင်းနှင့်
မန္တလေးတိုင်းဒေသကြီးအသင်းတို့ယှဉ်ပြိုင်ကစားကြရာ အဆိုပါအသင်းများသည် ဗိုလ်လုပွဲ သို့တက်ရောက်လာကြသည့်
အသင်းများဖြစ်သည်နှင့်အညီ တစ်ဖက်နှင့်တစ်ဖက် အပြန် အလှန်ဖိအားပေးအကြိတ်အနယ်ယှဉ်ပြိုင်ကြပြီး
ပွဲကစားချိန် ၅ မိနစ်တွင် မန္တလေးတိုင်း ဒေသကြီးအသင်းက အဖွင့်ဂိုးရရှိခဲ့သည်။ ယင်းနောက်
နှစ်ဖက်အပြန်အလှန် အကြိတ် အနယ်ယှဉ်ပြိုင်ကစားခဲ့ကြပြီး မန္တလေးတိုင်းဒေသကြီးအသင်းက
ရှမ်းပြည်နယ်အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ယင်းနောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို
ဆက်လက်ကျင်းပရာ အကောင်းဆုံး အားကစားသမားဆုရရှိခဲ့ကြသည့် အားကစားသမားများကို ကောင်စီဝင်များဖြစ်ကြသည့်
ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဦးစိုင်းလုံဆိုင်၊ ဦးမောင်းဟာ၊ Jeng Phang နော်တောင်နှင့်
ဒေါ်အေးနုစိန်တို့က ဂုဏ်ပြုဆုတံဆိပ်နှင့် ချီးမြှင့်ငွေများပေးအပ်ချီးမြှင့်သည်။
ထို့နောက် အသင်းလိုက်စတုတ္ထဆုရရှိသည့်
ကချင်ပြည်နယ်အသင်းအား ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းကလည်းကောင်း၊ တတိယဆုရရှိသည့်
ဧရာဝတီတိုင်း ဒေသကြီးအသင်းအား ကောင်စီဝင်ဗိုလ်ချုပ်ကြီးတင်အောင်စန်းကလည်းကောင်း ဒုတိယ
ဆုရရှိသည့် ရှမ်းပြည်နယ်အသင်းအား ကောင်စီဝင်ဗိုလ်ချုပ်ကြီးမြထွန်းဦးကလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်၊
ဂုဏ်ပြုဆုနှင့် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းအား
ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးက တစ်ဦးချင်းဆုတံဆိပ်များကို
ပေးအပ် ချီးမြှင့်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့က
ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး အသင်းအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် တံခွန်စိုက်ဖလားတို့ကို
ပေးအပ်ချီးမြှင့်ကြပြီး အားကစား သမားများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။
မြန်မာ့ဘောလုံးအားကစားလောကအဆင့်အတန်း
တိုးတက်မြင့်မားလာစေရန်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ထူးချွန်ထက်မြက်သည့်
မျိုးဆက်သစ် (အမျိုးသမီး) ဘောလုံးအားကစားသမား များစွာပေါ်ထွက်လာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်
ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်
တို့ပူးပေါင်း၍ ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား
ပြည်နယ်နှင့် တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) U - 18 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ
ပွဲစဉ်များကို ဒီဇင်ဘာ ၅ ရက် မှ စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် ဗိုလ်လုပွဲပွဲစဉ်အဖြစ်
ရှမ်းပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ကာ
မန္တလေးတိုင်းဒေသကြီး အသင်းက အနိုင်ရဗိုလ်စွဲပြီး တံခွန်စိုက်ဒိုင်းဆုကိုရရှိခဲ့ကြောင်း
သတင်းရရှိသည်။
No comments:
Post a Comment