Monday, December 5, 2022

ရှမ်းပြည်နယ်အတွင်း လယ်ယာကဏ္ဍနှင့် မွေးမြူရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆောင်ရွက်



နေပြည်တော် ဒီဇင်ဘာ

စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာရေးနှင့် အကျိုးစီးပွားဖြစ်ထွန်းစေမည့် ထုတ်လုပ်မှုဖြစ်စေရေး အတွက် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် ကွင်းဆင်းဆောင်ရွက်ကြသည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက အောင်ပန်းမြို့ သုတေသနဗဟိုဌာနသို့ သွားရောက်၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဒေသအလိုက်၊ သီးနှံအလိုက် တောင်သူအကျိုးစီးပွားဖြစ်ထွန်းစေမည့် သီးနှံပုံစံအစီအမံများ ရေးဆွဲချမှတ် ဆောင်ရွက်ကြရန် လိုအပ်ချက်များ၊ ဒေသနှင့်ကိုက်ညီပြီး ရောဂါဒဏ်ခံနိုင်သည့် အထွက်ကောင်း မျိုးများနှင့် နည်းပညာများ ဖြန့်ဖြူးပေးနိုင်ရေးအတွက် တာဝန်ရှိသူများအပိုင်းက ကြိုးပမ်း ဆောင်ရွက်ရန် လိုအပ်ချက်များနှင့် သီးထပ်သီးညှပ် တိုးမြှင့်စိုက်ပျိုးနိုင်ရေး လိုအပ်ချက်များကို ဆွေးနွေးမှာကြားကာ ရေငတ်ဒဏ်ခံအထွက်ကောင်း ဂျုံမျိုးများ စံပြစိုက်ခင်းကို ကြည့်ရှု စစ်ဆေးသည်။

ထို့ပြင် စိုက်ပျိုးရေးသိပ္ပံ (ဟဲဟိုး)သို့ သွားရောက်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဟဲဟိုးနှင့် ဒီးမော့ဆို (ပထမနှစ်) ဝင်ခွင့်ရရှိသော ကျောင်းသား ကျောင်းသူများ လက်ခံထားရှိမှု နှင့် မွေးမြူရေးဒီပလိုမာသင်တန်းအတွက် စာသင်ဆောင်၊ လက်တွေ့ဆောင်၊ အသေးစား ဓာတ်ခွဲခန်းနှင့် မွေးမြူရေးခြံများ တည်ဆောက်ထားရှိမှု၊ နွား၊ ဝက်၊ ဥစားကြက်၊ အသားတိုး ကြက်၊ ဆိတ်များမွေးမြူရန် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့်အတူ ရှမ်းပြည်နယ် (တောင်ပိုင်း) မွေးမြူရေးလုပ်ငန်းရှင်များ၊ မွေးမြူရေးတောင်သူများနှင့် တွေ့ဆုံကာ ရှမ်းပြည်နယ်၏အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက် ထုတ်လုပ်နိုင်ရေးနှင့် မွေးမြူရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးဆိုင်ရာများကို ညှိနှိုင်းဆွေးနွေးကြပြီး ရှမ်းပြည်နယ်အတွင်း ဆင်းရဲ နွမ်းပါးမှု လျှော့ချရေးနှင့် ဘေးဒုက္ခခံစားနေရသောဒေသရှိ ပြည်သူများထံ အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်ရိက္ခာအစီအစဉ်- အရ ဂျပန်နိုင်ငံမှလှူဒါန်းသော ဆန်ရိက္ခာများကို ဒုတိယဝန်ကြီးက ပြည်နယ်ဝန်ကြီးချုပ်ထံ လွှဲပြောင်းပေးအပ်သည်။

သတင်းစဉ် 

No comments:

Post a Comment