ရန်ကုန် ဒီဇင်ဘာ ၃
၁၃၈၄ ခုနှစ် မြန်မာနိုင်ငံ စာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ် (၃၅)ကြိမ်မြောက် သက်ကြီးစာပေ ပညာရှင်များ ပူဇော်ကန်တော့ပွဲ အတွက် မြန်မာနိုင်ငံစာရေးဆရာအသင်းက အလှူငွေပေးအပ်ပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီတွင် ပန်းဆိုးတန်းလမ်းရှိ အသင်းခန်းမ၌ကျင်းပရာ အသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) နှင့် ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးများ၊ ဗဟိုအမှုဆောင်ကော်မတီဝင်များ၊ စေတနာရှင်အလှူရှင်များ တက်ရောက်ကြသည်။
အစီအစဉ်အရ အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းကြရာ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းက အလှူငွေကျပ်သိန်း ၃၀၊ ဒေါက်တာတင်ထွန်းဦး -ဒေါက်တာခင်မိုးမိုး (စွယ်စုံမီဒီယာဂရု)က ငွေကျပ် ၁၁ သိန်း၊ သံအမတ်ကြီး(ငြိမ်း) ဒေါက်တာဦးလှမောင် (ဖောင်ဒေး ရှင်း) က ငွေကျပ် ၁၀ သိန်းနှင့် ငွေ ကျပ် ၁၅ သိန်းတန်ဖိုးရှိ ကျန်းမာရေးစစ်ဆေးခွင့်ကတ် (၁၅) ကတ်၊ ဦးညွန့်ဆွေ (မောင်ဆွေသက်)- သရက်မသက်ဆွေ မိသားစုက ငွေကျပ်ငါးသိန်း၊ ဝန်ကြီးဗိုလ်မှူးချုပ် စည်သူတင်ဖေ(ငြိမ်း)-ဒေါ်သိန်းဆိုင် (မမြတ်လေး)တို့အား အမှူးထား၍ ဦးဉာဏ်ထွန်းဦး-ဒေါ်ခင်စောဥမ္မာ၊ ဦးနန္ဒကျော်စွာ-ဒေါက်တာဒေါ်မြင့်ဌေး (မြတ်လေး ရုံမိသားစု) နှင့် ဦးသက်ထွန်း-ဒေါ်သီသီနွယ် မိသားစုတို့က ငွေကျပ်နှစ်သိန်းစီ၊ ဒေါက်တာမြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး) မိသားစုနှင့်ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်စာရေးဆရာ အသင်းတို့က ငွေကျပ်တစ်သိန်းစီတို့ကို ပေးအပ်လှူဒါန်းရာ အသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)နှင့် ဒုတိယဥက္ကဋ္ဌများ၊ တာဝန်ရှိသူများက လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။
ထို့နောက် မွန်းလွဲ ၁ နာရီတွင် မြန်မာနိုင်ငံ စာရေးဆရာအသင်း ဗဟိုအမှုဆောင်ကော်မတီ (၅/ ၂၀၂၂) အစည်းအဝေးကိုကျင်းပ ခဲ့ပြီး ၁၃၈၄ ခုနှစ် မြန်မာနိုင်ငံ စာဆိုတော်နေ့ အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲ အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်း ခဲ့ကြောင်းသိရသည်။
သတင်းစဉ်
No comments:
Post a Comment