Sunday, December 4, 2022

တရားမဝင်သစ်မျိုးစုံ၊ စက်မှုကုန်ကြမ်းပစ္စည်း၊ လုပ်ငန်းသုံးပစ္စည်းနှင့် မော်တော်ယာဉ်များ သိမ်းဆည်းရမိ

 



နေပြည်တော် ဒီဇင်ဘာ ၃

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင် ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ လေဆိပ်ကုန်လှောင်ရုံ၌ သွင်းကုန် ကြေညာလွှာ(ID)တွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် Helical Gear Motor တစ်လုံးနှင့် အထည်အလိပ်များ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၉,၀၄၆,၁၃၅)ကိုလည်းကောင်း၊ အေးရှား ဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ တစ်လုံးအတွင်းမှ ပိုင်ရှင်ကစွန့်လွှတ်ကြောင်း ကြေညာသည့် ဆေးဝါးမျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၄၈၈၉၁၈၃) ကိုလည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၃၉၃၅၃၁၈) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက် ခွန်လုပ်ထုံးလုပ်နည်းနှင့် အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

အလားတူ ဒီဇင်ဘာ ၂ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီးသစ်တော ဦးစီးဌာနဦးဆောင်သော ပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရန်ကုန်မြောက်ပိုင်း ခရိုင်လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး မိုင်တိုင်အမှတ် (၁၈/၆)အနီး၌ တရားမဝင် ကျွန်းသစ်ခွဲသား ၂ ဒသမ ၂၄၇၂ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၄၈၃၁၅၂)နှင့် အဆိုပါသစ်များ တင် ဆောင်လာသော ISUZU အမျိုးအစားမော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၄၈၃၁၅၂)ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဒီဇင်ဘာ ၃ ရက်တွင် စစ်ကိုင်းတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကန့်ဘလူမြို့နယ်အတွင်း လိုင်စင်မဲ့ LUCKY ONE 125 အမျိုးအစား မော်တော်ဆိုင်ကယ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေး ရေးအဖွဲ့က တောင်ငူခရိုင်နှင့် သာယာဝတီခရိုင် အတွင်း ကျွန်းသစ်(၉ ဒသမ ၂၇၄၂)တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၆၅၉၀၃၂)ကို သစ်တောဥပဒေအရ လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က ရန်ကုန် - မော်လမြိုင် ကားလမ်း၊ မိုင်တိုင်အမှတ်(၆/၃)နှင့် (၆/၄) အကြား၌ လိုင်စင်မဲ့ Mitsubishi Pajero အမျိုးအစား မော်တော်ယာဉ် တစ်စီး(ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃၀၀၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း စုစုပေါင်း(ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၉၅၉၀၃၂)ကို ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဒီဇင်ဘာ ၁ ရက်၊ ၂ ရက်နှင့် ၃ ရက် တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၉)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၀၅၇၇၅၀၂) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်

No comments:

Post a Comment