နေပြည်တော် ဒီဇင်ဘာ ၅
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေး ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများအား သဇင် FM ၏ “ ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “ပုလောမြို့နယ် ပလမြို့၌ PDF အမည်ခံ အကြမ်းဖက် သမားများက အပြစ်မဲ့ပြည်သူများအား သေနတ်ပြခြိမ်းခြောက်ပြီး ရွှေထည်ပစ္စည်းများအား လုယက်ယူဆောင် ကာ နေအိမ်အား မိုင်းခွဲဖျက်ဆီးမှု” ခေါင်းစဉ်ဖြင့် ဒီဇင်ဘာ ၇ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက် ပေးသွားမည်ဖြစ်သည်။
လာမည့်အပတ် ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီတွင် “တမူးအကြမ်းဖက်အဖွဲ့၏ လူမြင်ကွင်းတွင် လူမဆန်စွာ သတ်ဖြတ်ခြိမ်းခြောက်မှု” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ဆက်မည်ဖြစ်သောကြောင့် ပါဝင်ဆွေးနွေးလိုသူ ပရိသတ်များအနေဖြင့် အပတ်စဉ် ကြာသပတေးနေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီအတွင်း ဖုန်း ၀၉- ၈၉၉၀၉၉၅၉၅ သို့ အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့် ပြန်လည်ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို Message ပေးပို့ပါဝင်နိုင်ပြီဖြစ်ကြောင်းနှင့် ပါဝင်လာသည့် ပရိသတ်များ၏ ဖုန်းနံပါတ်များနှင့်ကိုယ်ရေး အချက်အလက်များအား လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း အသိပေး ကြေညာထားသည်။
သတင်းစဉ်
No comments:
Post a Comment