Monday, December 19, 2022

  ရေတာရှည်မြို့နယ်တွင် နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေနှင့် ကုမ္ပဏီ၏ မတည်ငွေတို့ဖြင့် ၂၀၂၃ ခုနှစ် အကျိုးတူလယ်ယာ နွေစပါးရာသီ ဖွင့်ပွဲကျင်းပ


နေပြည်တော်  ဒီဇင်ဘာ ၁၈

နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေနှင့် ကုမ္ပဏီ၏မတည်ငွေတို့ဖြင့်  ၂၀၂၃ ခုနှစ်  အကျိုးတူလယ်ယာ နွေစပါးရာသီ  ဖွင့်ပွဲ၊ ၂၀၂၂ ခုနှစ် မိုးစပါးရာသီ ထူးချွန်တောင်သူ ဆုချီးမြှင့်ခြင်းနှင့် GW-11 မျိုးစပါးနှင့် စိမ်းအော်ဂဲနစ်ကွန် ပေါင်းမြေဩဇာ အရောင်းပြခန်း ဖွင့်ပွဲအခမ်းအနားကို  ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်ရှိ  ယွန်လျှံ လယ်ယာ   အထောက်အကူပြု စခန်း၌ ကျင်းပသည်။

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်    ဆည်မြောင်းဝန်ကြီးဌာန    ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ သမဝါယမ နှင့်    ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန   ဒုတိယဝန်ကြီး ဦးမြင့်စိုး၊    ဦးစီးဌာနများမှ ညွှန်ကြားရေး မှူးချုပ်များနှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံ တောင်သူများ  တက်ရောက်ကြ သည်။

ဦးစွာ အခမ်းအနားကို ဒုတိယ ဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် စိုက် ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန  ဒုတိယဝန်ကြီးက နိုင်ငံစီးပွား     ဖွံ့ဖြိုးတိုးတက်ရေး အတွက်   နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်အရ စိုက်ပျိုးရေး နှင့် မွေးမြူရေးကို    အခြေခံသည့် အသေးစား၊   အငယ်စားနှင့် အလတ်စားလုပ်ငန်းများ  ဖွံ့ဖြိုး တိုးတက်ရေး၊ ပြည်တွင်းစားနပ် ရိက္ခာဖူလုံစေရေးနှင့်  အရည် အသွေးမြင့်မားသည် ကုန်ပစ္စည်း ထုတ်လုပ်မှုနှင့်     ပို့ကုန်ကဏ္ဍ တိုးမြှင့်ရေး အတွက် ကနဦးရင်းနှီး မြှုပ်နှံခြင်းနှင့် ထုတ်လုပ်မှု ကုန်ကျစရိတ်   ထောက်ပံ့ပေးလျက်ရှိ သကဲ့သို့ ဝန်ကြီးဌာန အနေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ် အဆင့်ဆင့် ကို      ဖော်ဆောင်ပေးလျက်ရှိ ကြောင်း ပြောကြားသည်။

ယင်းနောက်  သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ကျေးလက်နေ ပြည်သူများ ၏ လူမှုစီးပွားဘဝ မြင့်မားရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ် စားလုပ်ငန်းများ  တိုးပွားပေါ်ထွန်း လာစေရန်   နည်းပညာနှင့် သင်တန်းများပေး ခြင်း၊ ဈေးကွက်ရရှိရေး ချိတ်ဆက် ဆောင်ရွက်ပေးခြင်း၊   မတည် ရင်းနှီးငွေပံ့ပိုးပေးခြင်း၊ လုပ်ငန်း သုံးပစ္စည်းများ  ထောက်ပံ့ပေး ခြင်းတို့ကို သက်ဆိုင်ရာဌာနများ၊ လုပ်ငန်းရှင်များနှင့်   တောင်သူ များအကြား  ဟန်ချက်ညီပူးပေါင်း ဆောင်ရွက်     လျက်ရှိကြောင်း ပြောကြား သည်။

ထို့နောက် ယွန်လျှံလယ်ယာ အထောက်အကူပြုစခန်း ရှေ့ပြေး စီမံကိန်းဥက္ကဋ္ဌက တောင်သူများ နှင့် ပူးပေါင်း ဆောင်ရွက်နေမှုများ ကို  ရှင်းလင်းတင်ပြပြီး ဒုတိယ ဝန်ကြီးများက ၂၀၂၂ ခုနှစ် မိုးစပါး ရာသီ  ထူးချွန်တောင် သူများကို ဆုများ ချီးမြှင့်ကြသည်။

အလားတူ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည်  ရေတာရှည်မြို့နယ် သပြေတန်းကျေးရွာအုပ်စု မျိုးစပါးပေး အပ်ပွဲတွင် တောင်သူများ နှင့် ခင်မင်ရင်းနှီးစွာတွေ့ဆုံ၍ တောင်သူများကို   မျိုးစပါးများ ပေးအပ်သည်။

ထိုမှတစ်ဆင့်  ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ရေတာရှည်သကြား စက်ရုံ၏ ၂၀၂၂-၂၀၂၃ ခုနှစ်  ကြံ စိုက်ပျိုးမှု၊   ကြံဝယ်ယူရရှိမှုနှင့် နှစ်အလိုက်    ကြံကြိတ်မှုကို ကြည့်ရှုစစ်ဆေးပြီး ကြံတောင် သူများ   ဝင်ငွေတိုး တက်ရရှိစေရေး၊  ကြံမျိုးကောင်းမျိုးသန့်များ ပြောင်းလဲသုံး စွဲနိုင်ရေး၊ နည်းပညာပေးလုပ်ငန်းများ  တိုးချဲ့ ဆောင်ရွက်ရေးနှင့်  စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေး  အလေးထား ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရ သည်။         

 သတင်းစဉ်

No comments:

Post a Comment