ဆင်းကတ်များ မှတ်ပုံတင်ရာတွင် ဖြည့်စွက်ရသည့် အမည်/ နိုင်ငံသားစိစစ်ရေးကတ်အမှတ်
စသည့်အချက်အလက်များကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏
National Database အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေး၍ အချက်အလက်မှန်ကန်စွာ ဖြည့်စွက်ထားခြင်းမရှိသည့်
ဆင်းကတ်များကို ပိတ်သိမ်းမည်ဖြစ်ပါသဖြင့် သုံးစွဲသူများအနေဖြင့် မိမိတို့၏ဆင်းကတ်မှတ်ပုံတင်သည့်
အမည်/ နိုင်ငံသားစိစစ်ရေးကတ်အမှတ်တို့ကို မှန်/မမှန် စစ်ဆေးပြီး၊ ပြင်ဆင်ရန်လိုအပ်ပါက
(၃၁-၁-၂၀၂၃) ရက်နေ့ နောက်ဆုံးထား၍ ပြန်လည်ပြင်ဆင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။ မိမိတို့၏
အမည်/ နိုင်ငံသားစိစစ်ရေးကတ်အမှတ်တို့ မှန်မမှန်စစ်ဆေးသိရှိနိုင်ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)
အတွက် *601# ၊ Atom အတွက် *979*3*3#၊ Ooredoo အတွက် *666# ၊ Mytel အတွက် *966# သို့ခေါ်ဆို၍
ကြည့်ရှုစစ်ဆေးနိုင်ပါသည်။ ပြန်လည်ပြင်ဆင်မှတ်ပုံတင်ခြင်းကို သက်ဆိုင်ရာအော်ပရေတာများ၏
အရောင်းဆိုင်များ၊ Application များနှင့် Website တို့တွင် ဆောင်ရွက်နိုင်ပါကြောင်း
အသိပေးကြေညာ အပ်ပါသည်။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန
No comments:
Post a Comment