နေပြည်တော် နိုဝင်ဘာ ၂၇
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ (မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ)က ဦးဆောင်၍ အစိုးရဌာနအသီးသီးနှင့် စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် ပြည်သူလူထုတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးအား အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ကြစေရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။
တက်ရောက်ခဲ့
ဆွေးနွေးပွဲသို့ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး
လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်ဝင်းသိန်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်
ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်နှင့် သက်ဆိုင်ရာအစိုးရဌာနအသီးသီးမှ ကြီးကြပ်ရေး အာဏာပိုင်များဖြစ်သည့်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့၊
ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ရှေ့နေရှေ့ရပ်နှင့်
စစ်ဆေးရေးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းတို့မှ တာဝန်ရှိသူများနှင့်
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှဥက္ကဋ္ဌ၊
အလုပ်အမှုဆောင်များနှင့်ဘဏ်များ၊ အခြားငွေရေးကြေးရေး အဖွဲ့အစည်းများ၊ ငွေရေးကြေးရေးမဟုတ်သော
စီးပွားရေးလုပ်ငန်းများနှင့် ကျွမ်းကျင်မှုဆိုင်ရာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများမှ
တာဝန်ခံ အရာရှိများ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေး
ဆွေးနွေးပွဲတွင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုကို
ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်း ရည်မှန်းချက်များ အောင်မြင်စေရန်အတွက် ကြီးကြပ်ရေးအာဏာပိုင်များနှင့်
စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် ပုဂ္ဂလိကကဏ္ဍမှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်မှုဖြင့်
ကြီးကြပ်မှုအားကောင်းစေရေး မြှင့်တင်ဆောင်ရွက်ရန်၊ သတင်းပို့အဖွဲ့အစည်းများမှ အစီရင်ခံ
သတင်းပို့မှုများ မှန်မှန်ကန်ကန်နှင့် အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ရန် လိုအပ်သည့်အချက်များ၊
ရုံးထိုင်စစ်ဆေးခြင်း(Offsite)နှင့် ကွင်းဆင်းစစ်ဆေးခြင်း(Onsite)မှ တွေ့ရှိချက်များ၊
ငွေကြေးခဝါချမှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေများကို ပိုမိုနားလည်စေရေးအတွက်
Case Study များဖြင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment