မုံရွာ နိုဝင်ဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲမှ ကြီးမှူးကျင်းပသည့် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး ဥပဒေချုပ်ရုံး အစည်းအဝေးတွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က
အများပြည်သူများအား ဥပဒေအသိပညာပေးခြင်းအနေဖြင့် တိုင်းဒေသကြီးဌာနဆိုင်ရာများအား
သိသင့်သိထိုက်သည့် ဥပဒေအသိပညာများကို ပို့ချပေးသွားမည့် သင်တန်းဖြစ်ပါကြောင်း၊
ယခုကဏ္ဍအသီးသီးမှ သက်ဆိုင်သူများအားလုံးသည် တရားဥပဒေစိုးမိုးရေးကို
အကောင်အထည်ဖော်ကြသည့်နေရာတွင် တရားဥပဒေစိုးမိုးရေးဆိုင်ရာ အခြေခံမှုများဖြစ်သည့်
လွတ်လပ်မှု၊ သာတူညီမျှမှု၊ ဘက်မလိုက်မှု၊ ကျင့်ဝတ်လိုက်နာမှု၊ ရိုးသားဖြောင့်မတ်မှု၊
ကျိုးကြောင်းဆီလျှော်မှု၊ အရည်အချင်းပြည့်ဝမှု ဆိုသည်များကို အလေးထား ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။
သင်တန်းသို့တက်ရောက်ကြမည့် တိုင်းဒေသကြီးအဆင့်
ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ဌာနအတွက် သိရှိလေ့လာထားရမည့်
ဥပဒေပညာရပ်များဖြစ်သည့်အတွက် သင်တန်းမှပို့ချပေးမှုများအား ကြိုးစားလေ့လာ မှတ်သားသွားကြရန်နှင့်
မိမိတို့ဌာနအတွက်သာမက အများပြည်သူများအတွက်ပါ အကျိုးပြုနိုင်စေပြီး
တရားဥပဒေစိုးမိုးရေးကိုလည်း တစ်ဖတ်တစ်လမ်းမှ အထောက်အကူပြုစေရန် သင်ကြားလေ့လာသွားကြရန်
ပြောကြားလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးနှင့်
တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ အဖွဲ့ခေါင်းဆောင်
တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍
ရှင်းလင်းတင်ပြပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကာ အခမ်းအနားကို
ရုပ်သိမ်းခဲ့သည်။
အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးနှင့်
တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲမှ
ကြီးမှူးကျင်းပသည့် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းသို့ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ
ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ၂၂ ဦး တက်ရောက်သွားမည်ဖြစ်သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး
တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး တရားလွှတ်တော်ရုံး
အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီး တရားရေးဦးစီးမှူး၊ တရားလွှတ်တော် တရားသူကြီးများနှင့်တွေ့ဆုံရာ
တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဦးကျော်သောင်းအောင်က တိုင်းဒေသကြီးအတွင်းရှိ
ခရိုင်/ မြို့နယ်များတွင် တရားရေးစီရင်မှုလုပ်ငန်းများနှင့် တရားရုံးမှဦးဆောင်သည့်
စေ့စပ်ဖြေရှင်းရေးစနစ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က
ရှင်လင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့်
ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်
တာဝန်ရှိသူများသည် မုံရွာမြို့၊ ကန်သာဦးရပ်ကွက်ရှိ စည်ပင်သာယာရေးအဖွဲ့ပိုင်မြေ
၁၇.၂၅ ဧကပေါ်တွင် ပြည်ထောင်စုဈေး တည်ဆောက်ရေး လုပ်ငန်းခွင်သို့ရောက်ရှိရာ
တိုင်းဒေသကြီး စည်ပင်သာယာအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်နှင့်
တာဝန်ရှိသူများက ပြည်ထောင်စုဈေးကြီး တည်ဆောက်နေမှုလုပ်ငန်းများနှင့်
ဈေးရုံတစ်ရုံလျင် အလျား ၆၀ ပေ၊ အနံ ၄၀ ပေရှိ၊ ဈေးရုံ ၃၂ ရုံတွင် ဈေးဆိုင်ခန်းတစ်ခန်း
အလျား ၈ ပေ၊ အနံ ၆ ပေရှိ၊ ဈေးဆိုင်ခန်းပေါင်း ၁၂၈၀ ခန်း တည်ဆောက်သွားမည့်လုပ်ငန်း
အခြေအနေများအား ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က
တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေး ကောင်းမွန်စေရေး၊ စံချိန်စံညွှန်းမီစွာဖြင့်
အချိန်မီပြီးစီးရေး၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးတို့အား
တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ဈေးကြီး
တည်ဆောက်နေမှုများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်
တာဝန်ရှိသူများသည် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ အိုးဘိုတောင်ရပ်ကွက်ရှိ
မြေဧက ၂ ဧကခွဲပေါ်တွင် ဌာနဆိုင်ရာဝန်ထမ်းများအား အဟာရပြည့်ဝစေပြီး၊ အစားအစာဘေးအန္တရာယ်
ကင်းရှင်းစေရန်နှင့် တစ်ပိုင်တစ်နိုင် စိုက်ခင်းများဆောင်ရွက်၍
ဈေးနှုန်းသက်သာစွာဖြင့် ဈေးကွက်တွင် စားဖိုဆောင်သီးနှံ လိုအပ်ချက်အား ဖြည့်ဆည်းထောက်ကူပေးရန်
ရည်ရွယ်ကာ အဟာရပြည့်ဝပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် ဟင်းသီးဟင်းရွက်နှင့်
စားဖိုဆောင်သီးနှံများ စိုက်ပျိုးထားသည့် စိုက်ခင်းသို့ ရောက်ရှိကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ
တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလိူင်ဦးက ကောက်ရိုးမှို၊ ငွေနှင်းမှိုနှင့်
အဟာရပြည့်ဝသော စားဖိုဆောင်သီးနှံများ စိုက်ပျိုးထားရှိမှုများအား
လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ်
လိုအပ်သည်များကိုများ တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး
အောင်မြင်ဖြစ်ထွန်းလျက်ရှိသော အဟာရပြည့်ဝသော ဟင်းသီးဟင်းရွက်နှင့်
စားဖိုဆောင်သီးနှံ စံပြစိုက်ခင်းအား လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)
No comments:
Post a Comment