Friday, November 25, 2022

အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကျင်းပ

 

ဘားအံ နိုဝင်ဘာ ၂၅

“အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေး အားလုံးပေါင်းစုလှုပ်ရှားပေး”  ဆောင်ပုဒ်ဖြင့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကို ယနေ့မွန်းလွဲ (၁)နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်အတွင်းအမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းဆိုင်ရာကိစ္စရပ်များကို ကြိုတင်ကာကွယ်ခြင်း၊ တားဆီးခြင်း၊ တုံ့ပြန်မှုပေးခြင်းတို့ကို သက်ဆိုင်ရာဌာန/အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်ခံရသူများအား တရားရင်ဆိုင်ခရီးစရိတ်နှင့် အသက်မွေးဝမ်းကျောင်းစရိတ်များကို လူမှုဝန်ထမ်းဦးစီးဌာနမှထောက်ပံ့ပေးခြင်း၊ လုံခြုံရေးအတွက် နားခိုရာနေရာများစီစဉ်ပေးခြင်း၊ အခြားသောဝန်ဆောင်မှုများရရှိနိုင်ရေး ညွှန်းပို့ချိတ်ဆက်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အကြမ်းဖက်ခံရသည့်အမျိုးသမီးများကို ယာယီလက်ခံစောင့်ရှောက်ပေးနိုင်ရေးအတွက် One Stop Women Support Centre  (OSWSC) များဖွင့်လှစ်နိုင်ရေး မြေနေရာချထားပေးပြီး မကြာမီဝန်ဆောင်မှုများပေးနိုင်တော့မည်ဖြစ်ကြောင်း၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့်အကြမ်းဖက်မှုများ အဆုံးသတ်ပပျောက်ရေးအတွက် ပြည်သူတစ်ဦးတစ်ယောက် ချင်းမှအစပြု၍ အားလုံးအတူတကွပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးများအရေးကို တက်ကြွစွာဆောင်ရွက်လျက်ရှိသော အရပ်ဖက် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အမျိုးသမီးရေးရာကော်မတီဝင်များနှင့် အခမ်းအနားသို့တက်ရောက်လာသူများက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအသိပညာပေးဆိုင်ရာ Video Clip ကို အတူတကွကြည့်ရှုအားပေးခဲ့ကြပြီး အမျိုးသမီးငယ်လေးများက Fiftness Dance ဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။

စောမျိုးမင်းသိန်း

No comments:

Post a Comment