Monday, November 7, 2022

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ မကွေးမြို့ မြသလွန်ဘုရားကွင်း၌ တန်ဆောင်မုန်း လပြည့်နေ့တွင် သီလရှင်အပါး (၅၀၀) နှင့် အခြေခံလူတန်းစား အိမ်ထောင်စု (၄၅၀၀) ခန့်အား ဆန်းများပေးအပ်လှူဒါန်း

မကွေး နိုဝင်ဘာ ၇

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူး၍ တန်ဆောင်မုန်းလပြည့်နေ့တွင် မကွေးမြို့ သီလရှင်ကျောင်းများရှိ သီလရှင်အပါး (၅၀၀) နှင့် အခြေခံလူတန်းစားအိမ်ထောင်စု (၄၅၀၀) ခန့်အား ဆန်ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် (၇) နာရီအချိန်က မြသလွန်ဘုရားကွင်းပြင်၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင့်လွင်နှင့်ဇနီး၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ အသင်းအဖွဲ့ဝင်များနှင့် ပရဟိတလူမှုအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သီလရှင်အပါး(၅၀၀)နှင့် အခြေခံလူတန်းစား အိမ်ထောင်စု(၄၅၀၀)၊ စုစုပေါင်း(၅၀၀၀)ခန့်အား အိမ်ထောင်စု တစ်စုလျှင် ဆန်တစ်ပြည်နှုန်းနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးသုံးပစ္စည်းဖြစ်သည့် နှာခေါင်းစည်း (Mask) များအား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုများ စားဝတ်နေရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်ရည်ရွယ်၍ စေတနာရှင် အလှူရှင်များ၏ ပူးပေါင်းပါဝင်လှူဒါန်းမှုဖြင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ ပေးအပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

ကိုစည်သူ(မကွေး)

No comments:

Post a Comment