နေပြည်တော် နိုဝင်ဘာ ၁
ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်၊ မြေ၊ အဆောက်အအုံ အတိုင်းအတာစိစစ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်၊
မြေ၊ အဆောက်အအုံ အတိုင်းအတာ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးဝင်းဖေက ကော်မတီသည်
မြေနှင့် အဆောက်အအုံ အတိုင်းအတာ စစ်ဆေးရေးနှင့်ပတ်သက်၍ လိုအပ်သည့်အမိန့်/ ညွှန်ကြားချက်များ
ထုတ်ပြန်ဆောင်ရွက်ရန် တာဝန်ပေးအပ်ထားသဖြင့် မြေ၊ အဆောက်အအုံ အတိုင်း အတာ စိစစ်ရေးကော်မတီအဖွဲ့ဝင်များ
ဖြစ်ကြသော တိုင်းဒေသကြီးနှင့်ပြည်နယ် ဌာနဆိုင်ရာများ အနေဖြင့် မိမိတို့၏ တိုင်းဒေသကြီးနှင့်ပြည်နယ်
မြေပြင်အခြေအနေနှင့် လိုက်လျောညီထွေဖြစ်စေမည့် ဌာနဆိုင်ရာများပါဝင်သော မြေ၊ အဆောက်အအုံ
အတိုင်းအတာ စိစစ်ရေးကော်မတီခွဲတွင် အဖွဲ့ခေါင်းဆောင်များ အနေဖြင့် တာဝန်ယူဆောင်ရွက်ရမည်
ဖြစ်ကြောင်း၊ ကော်မတီခွဲများသည် ကော်မတီ၏ လုပ်ငန်းတာဝန်များကို မြေပြင်လက်တွေ့ ကွင်းဆင်းတိုင်းတာစိစစ်၍
ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်က သတ်မှတ်ပေး ထားသည့် ပုံစံ(၁၅)ချက်နှင့်အညီ ပြန်လည်တင်ပြ
ရမည်ဖြစ်သည့်အတွက် လုပ်ငန်းတာဝန်နှင့် သင့်လျော် သည့်ဌာနများထည့်သွင်းပြီး လုပ်ငန်းများ
လျင်လျင်မြန်မြန် ဆောင်ရွက်နိုင်ရေး ကျစ်ကျစ်လျစ်လျစ် ဖွဲ့စည်းရန်လိုကြောင်း၊ ကော်မတီခွဲများအနေဖြင့်
မြေပြင်တွင် တိုင်းတာစိစစ်ရမည့်လုပ်ငန်းအမျိုးအစား သုံးမျိုးရှိကြောင်း၊ ကော်မတီခွဲများ
မြေပြင်ကွင်းဆင်း၍ တွေ့ရှိသည့်အချက်များသည့် ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်မှ ပေးပို့သည့်
အချက်အလက်များနှင့် ကွဲလွဲမှု ရှိ၊ မရှိ တိုင်းတာစိစစ်ပြီး သတ်မှတ်ပုံစံများနှင့် ပြည့်စုံစွာရေးသားပေးပို့ရန်လိုကြောင်း
ပြောကြားသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူး မြို့ပြနှင့်
အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်စိုးက ကော်မတီလုပ်ငန်းဆိုင်ရာများကို
ရှင်းလင်းဆွေးနွေးတင်ပြပြီး ကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေး
တင်ပြကြရာ ကော်မတီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment