နေပြည်တော် နိုဝင်ဘာ ၂၇
၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ကြားလျက်ရှိသည့်် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ခိုလမ်တပ်နယ်ရှိ ကျောင်းသား ကျောင်းသူများအား(ဒုတိယအကြိမ်) ကျောင်းဝတ်စုံများ၊ ကျောင်းသုံးစာရေးကိရိယာများနှင့် ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အောင်ဇေယျခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစု များနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာတိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက်တိုင်းမှူးနှင့်
တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းများ၌ ပညာသင်ကြားလျက် ရှိသည့်
ကျောင်းသား ကျောင်းသူများကို ကျောင်းဝတ်စုံ၊ ကျောင်းသုံး စာရေးကိရိယာများနှင့် ပညာသင်စရိတ်များကို
ထောက်ပံ့ပေးအပ်ကြသည်။
အလားတူ မိုင်းပန်တပ်နယ် မိုင်းနောင်တပ်နယ်၊ နမ့်စန်တပ်နယ်၊
လွိုင်လင်တပ်နယ်၊ ကျိုင်းတောင်းတပ်နယ်၊ ကွန်ဟိန်းတပ်နယ်၊ လင်းခေးတပ်နယ်၊ မိုးနဲတပ်နယ်နှင့်
လဲချားတပ်နယ် များတွင်လည်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် ကျောင်းသား ကျောင်းသူများကို
သက်ဆိုင်ရာ တပ်နယ်အသီးသီးရှိ တာဝန်ရှိသူများက ကျောင်းဝတ်စုံနှင့် ကျောင်းသုံးစာရေးကိရိယာများ၊
ပညာသင်စရိတ်များကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းနှင့် တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်
တပ်နယ်၊ တပ်ရင်း/ တပ်ဖွဲ့အသီးသီးရှိ မူလတန်းအဆင့် ကျောင်းသား
ကျောင်းသူ ၁၉၉၈ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ ၁၃၇၇ ဦး၊ အထက်တန်းအဆင့် ကျောင်းသား
ကျောင်းသူ ၄၁၅၄ ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၇၅၂၉ ဦးတို့ကို (ဒုတိယအကြိမ်) ပညာသင်စရိတ်များ ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း
သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment