Wednesday, November 9, 2022

ဒေသတွင်း စိုက်ပျိုး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်

 


နေပြည်တော် နိုဝင်ဘာ ၈

ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေး နှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် တိုင်းစစ်ဌာနချုပ်များ၊ တပ်ရင်း၊ တပ်ဖွဲ့များ၌ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်အောင်သည် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများနှင့် အတူ တိုင်းစစ်ဌာနချုပ်ရှိ ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံ၌ တစ်သျှူးငှက်ပျော၊ စင်တင်သီးနှံ၊ ရာသီသီးနှံများ စိုက်ပျိုးထားရှိမှု၊ DYL ဝက်၊ ဥစားကြက်၊ ဒေသကြက်၊ အသားတိုး နွား၊ နို့စားနွား၊ ဆိတ် မွေးမြူ ထားရှိမှုနှင့် တိုင်းစစ်ဌာနချုပ် အစာစပ်စက်ရုံဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန် ရှိသူများနှင့်တွေ့ဆုံကာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment