Thursday, November 24, 2022

၂ဝ၂၂ ခုနှစ် တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲများနှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားနည်းများအလိုက် ဗိုလ်လုပွဲနှင့်ဆုပေးပွဲကျင်းပ

 


နေပြည်တော် နိုဝင်ဘာ ၂၃

၂ဝ၂၂ ခုနှစ် တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို ယနေ့တွင် သက်ဆိုင်ရာ အားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်း/ ရုံများတွင် ဆက်လက်ကျင်းပပြုလုပ်ပြီး အားကစားနည်းများအလိုက် ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိ တပ်မတော်အားကစားကွင်းရှိ အားကစားကွင်း/ရုံများနှင့် နေပြည်တော်ရှိစစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ တပ်နယ်အားကစားခန်းမ၌ကျင်းပပြုလုပ် သည်။

ဇေယျာသီရိအားကစားရုံ (A)တွင် တပ်မတော် (ကြည်း၊ ရေ၊ လေ) တိုက်ကွမ်ဒိုအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)မှ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်၊ တပ်မတော်အရာရှိကြီးများနှင့် ပြိုင်ပွဲဝင် အားကစားအသင်းများမှ အားကစားသမားများ တက်ရောက်ကြည့်ရှုအားပေးသည်။

ဦးစွာ ဝိတ်တန်းအလိုက် ဗိုလ်လုပွဲစဉ်များယှဉ်ပြိုင် ကစားကြပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက် ကျင်းပရာ ဝိတ်တန်းအလိုက် ရွှေတံဆိပ်ဆု၊ ငွေတံဆိပ်ဆုနှင့် ကြေးတံဆိပ်ဆုရရှိသူများ၊ အကောင်းဆုံးနည်းပြဆုနှင့် အကောင်းဆုံးဒိုင်လူကြီးဆုရရှိသူများ၊ အတန်းလိုက်အကောင်းဆုံး ကစားသမားဆု၊ အတိုက်ဝိတ်တန်းအလိုက် ဖလားရရှိသည့် အသင်းများကို တပ်မတော်အရာရှိကြီးများက တစ်ဦးချင်းဆု၊ ငွေသားဆုနှင့် အသင်းလိုက် ဆုဖလားများကို အသီးသီးပေးအပ်ကြသည်။

ယင်းနောက် တိုက်ကွမ်ဒို အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် သုံးခု၊ ငွေတံဆိပ် သုံးခုနှင့် ကြေးတံဆိပ် လေးခုဖြင့် တံခွန်စိုက်ဒိုင်းဆုကြီးနှင့် ဆင့်ပွားဒိုင်းဆုရရှိသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) အသင်းအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ကိုယ်စား) ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)မှ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်က တံခွန်စိုက် ဆုဖလားကို ပေးအပ်ချီးမြှင့်သည်။

ထို့ပြင် ဇေယျာသီရိအားကစားရုံ(B)ရှိ တပ်မတော် (ကြည်း၊ ရေ၊ လေ) ဘော်လီဘော အားကစားပြိုင်ပွဲမှ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)မှ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်၊ တပ်မတော် ဘော်လီဘောကော်မတီဥက္ကဋ္ဌ တပ်ထိန်းချုပ် ဗိုလ်ချုပ် သက်ထွန်းဦး၊ တပ်မတော်အရာရှိကြီးများ နှင့် ပြိုင်ပွဲဝင်အားကစားအသင်းများမှ အားကစားသမားများ တက်ရောက်ကြည့်ရှုအားပေးသည်။

ဦးစွာဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်ကစားကြပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသား/အမျိုးသမီးနေရာအလိုက် အကောင်းဆုံးဆု၊ အကောင်းဆုံး ဘော်လီဘော အားကစားသမားဆု၊ စတုတ္ထဆု၊ တတိယဆုရရှိသည့် အသင်းများအား တပ်မတော်အရာရှိကြီးများက ငွေသားဆုနှင့်တစ်ဦး ချင်းဆုများ အသီးသီး ပေးအပ်ကြသည်။

ယင်းနောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသော အသင်းအား၊ တပ်မတော်ဘော်လီဘောကော်မတီဥက္ကဋ္ဌ တပ်ထိန်းချုပ် ဗိုလ်ချုပ်သက်ထွန်းဦးက ငွေသားဆုနှင့် တစ်ဦးချင်းဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ရေ၊လေ) အမျိုးသား/ အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆုရရှိသော ရန်ကုန်တိုင်းစစ်ဌာနချုပ်အသင်းကို တပ်မတော်ကာကွယ် ရေးဦးစီးချုပ်(ကိုယ်စား) ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)မှ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်က တံခွန်စိုက်ဒိုင်းဆု ပေးအပ်ချီးမြှင့်ခဲ့သည်။

အလားတူ ဇေယျာသီရိအားကစားရုံ (C) ရှိ တပ်မတော်(ကြည်း၊ ရေ၊ လေ) မြန်မာ့သိုင်းအားကစား ပြိုင်ပွဲမှ ၂၀၂၂ ခုနှစ်၊ (၂၉)ကြိမ်မြောက်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) မြန်မာ့သိုင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)မှ စစ်ဦးစီးအရာရှိချုပ် (ရေ)ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် ၊မြန်မာနိုင်ငံ သိုင်း အဖွဲ့ချုပ်မှ သိုင်းပညာရှင် ဆရာကြီး ဦးစိန်ဝင်းနှင့် တပ်မတော်အရာရှိကြီးများနှင့် ပြိုင်ပွဲဝင်အားကစားအသင်းများမှ အားကစားသမားများ တက်ရောက် ကြည့်ရှုအားပေးသည်။

ဦးစွာ ကီလိုတန်းအလိုက် ဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်ကစားကြပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အားကစားနည်းများအလိုက် တစ်ဦးချင်းဆုရရှိသူများနှင့် အမျိုးသားတံခွန်စိုက် ဒိုင်းဆုရရှိသည့်အသင်းများအား မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်မှ သိုင်းပညာရှင် ဆရာကြီး ဦးစိန်ဝင်း၊ တပ်မတော်အရာရှိကြီးများက တစ်ဦးချင်းဆု၊ ငွေသားဆုနှင့် တံခွန်စိုက်ဒိုင်းဆုများ အသီးသီးပေးအပ် ကြသည်။

ယင်းနောက် မြန်မာသိုင်း အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၆ ခု၊ ငွေတံဆိပ် ကိုးခုနှင့် ကြေးတံဆိပ် ငါးခုဖြင့် စွယ်စုံတံခွန်စိုက်ဒိုင်းဆုကြီးနှင့် ဆင့်ပွားဒိုင်းဆုရရှိသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ)အသင်းအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ကိုယ်စား) ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)မှ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်က စွယ်စုံတံခွန် စိုက်ဒိုင်းဆုကြီးနှင့် ဆင့်ပွားဒိုင်းကို ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့ပြင် ညနေပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းရှိ တပ်နယ်အားကစားခန်းမ၌ တပ်မတော်(ကြည်း၊ရေ၊လေ)လက်ဝှေ့အားကစား ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်၊ တပ်မတော်အရာရှိ ကြီးများနှင့် ပြိုင်ပွဲဝင်အားကစားအသင်းများမှ အားကစားသမားများ တက်ရောက်ကြည့်ရှုအားပေး သည်။

ဦးစွာ (က) အဆင့်နှင့် အလွတ်တန်းအဆင့် ဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်ကစားကြပြီး ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ အလွတ်တန်း အဆင့်အားကစားသမားများ၊ တပ်မတော်ဒိုင်လူကြီးများ၊ (က)အဆင့်ကစားသမားများ၊ (က) အဆင့်နှင့် အလွတ်တန်းအဆင့် အကောင်းဆုံး လက်ဝှေ့ကစားသမားဆုရရှိသူများနှင့် (က)အဆင့်နှင့် အလွတ်တန်း အဆင့်ဒိုင်းဆုရရှိအသင်းများကို တပ်မတော်အရာရှိကြီးများက တစ်ဦးချင်းဆု၊ ငွေသားဆုနှင့် အသင်း လိုက်ဆုဖလားများ အသီးသီးပေးအပ်ကြသည်။

ယင်းနောက် လက်ဝှေ့အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ရှစ်ခု၊ ငွေတံဆိပ် ခုနစ်ခုနှင့် ကြေးတံဆိပ် နှစ်ခုဖြင့် တံခွန်စိုက်ဒိုင်းဆုရရှိသော တောင်ပိုင်း တိုင်းစစ်ဌာနချုပ်အသင်းအား တပ်မတော်ကာကွယ် ရေးဦးစီးချုပ် (ကိုယ်စား) ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်က တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ တပ်မတော်(ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲများကို အားကစားနည်း ကိုးနည်းဖြစ်သည့် ဘောလုံး၊ မြန်မာသိုင်း၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ ကရာတေးဒို၊ ဂျူဒို၊ ဘော်လီဘောနှင့် လက်ဝှေ့အားကစားပြိုင်ပွဲများကို နိုဝင်ဘာ ၁၄ ရက် မှ စတင်ကျင်းပပြုလုပ်ခဲ့ပြီး နိုဝင်ဘာ ၂၅ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား (က)အဆင့် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု ဘောလုံးအသင်းနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုဘောလုံးအသင်း ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment