နေပြည်တော် နိုဝင်ဘာ ၂၉
ပြည်ထောင်စုနယ်မြေ နေပြည်တော် ချေးငွေအကြံပေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၂)ကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ချေးငွေအကြံပေးအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်
ဗိုလ်မှူးကြီးမင်းနောင်က နိုင်ငံတော်၏ ဘဏ္ဍာငွေများ
လေလွင့်ဆုံးရှုံးမှုမရှိစေရေး အလေး ထား ဆောင်ရွက်စေလိုကြောင်း၊ နေပြည်တော်အတွင်း
ချေးငွေကြွေးကျန်များ လျော့နည်းစေရေးကို အလေးထား ဆောင်ရွက်စေလိုကြောင်း၊
နေပြည်တော်အတွင်း ချေးငွေများအား သတ်မှတ်ကာလအတွင်း အပြည့်အဝ ကောက်ယူရရှိရေးကို
သက်ဆိုင်ရာဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ထို့နောက်
နေပြည်တော်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ လက်ထောက်အထွေထွေမန်နေဂျာ၊ ဒေါ်အေးမင်းသင်းက
စိုက်ပျိုးစရိတ်ချေးငွေကြွေးကျန်များ ဖြစ်ပေါ်နေမှု၊ စိုက်ပျိုးစရိတ်ချေးငွေများ
ထုတ်ချေးပေးခြင်း၊ ချေးငွေကောက်ခံရေးလုပ်ငန်းများ၊ စီမံချက်ကာလအတွင်း
ကြွေးကျန်များ ကောက်ခံမည့် အခြေအနေ လျာထားချက်များကို ဆွေးနွေးတင်ပြသည်။
ယင်းနောက်
နေပြည်တော်ချေးငွေအကြံပေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ
များမှ စိုက်ပျိုးစရိတ်ချေးငွေနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊
ကျန်ရှိနေသည့် ချေးငွေ ကြွေးကျန်များအား သတ်မှတ်ကာလအတွင်း အပြည့်အဝရရှိရေး
ကောက်ယူမည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က
တင်ပြချက်များနှင့်စပ် လျဉ်း၍ ပြန်လည်ဖြည့်စွက် ပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ခရိုင်၊
ပြန်/ဆက်)



No comments:
Post a Comment