နေပြည်တော် နိုဝင်ဘာ ၁၀
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
၁၂-၁၁-၂၀၂၂ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ်
အတွဲ (၅၄) ၊ အမှတ် (၄၆) တွင် ဗြိတိသျှပညာရေးမင်းကြီး၏ တက္ကသိုလ်အက်ဥပဒေကို
တက္ကသိုလ်ကျောင်းသားများက လက်မခံ၍ သပိတ်မှောက် ကန့်ကွက်ဆန္ဒပြခဲ့သောနေ့ကို
အမျိုးသားနေ့အဖြစ် သတ်မှတ်ထားသည့်အကြောင်း တင်ဆက်ထားသည့် “ဖိုးအေးသိလိုက်ရသော
အမျိုးသားနေ့” မျက်နှာဖုံးကာတွန်း၊ ဆေးပညာရပ်တွင် အသိပညာနှင့်
အတတ်ပညာရပ်တို့ပါရှိပြီး လူ့အသက်များကို ကယ်တင်ခြင်း၊ ဆင်းရဲ ဒုက္ခရောက်မှုကို သက်သာစေခြင်း၊
ဖျားနာနေသော လူနာများ၏ စိတ်ပူပင်ဆင်းရဲမှုကို လျော့နည်းစေခြင်း စသော မွန်မြတ်သည့်
ရည်ရွယ်ချက်များဖြင့် လုပ်ကိုင်ဆောင်ရွက်နေသည့်အကြောင်းကို ဗဟုသုတဖြစ်ဖွယ်
ရေးသားထားသည့် “လေ့လာစရာ ဆေးပညာရပ်ဆိုတာ” သုတကဏ္ဍ၊ ပန်းသီးတစ်လုံးအတွက် အချင်းချင်း
အငြင်းမပွားကြဘဲ အားလုံးညီတူညီမျှဖြစ်စေရန် ဖြူကောင်က ခွဲဝေပေးပုံအကြောင်း ရေးဖွဲ့ထားသည့်
“ညီတူမျှတ” နှစ်မျက်နှာကာတွန်း၊ ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင်
အရန်ဘောလုံးကောက်အဖြစ် ရွေးချယ်ခံရသည့် ရန်ပိုင်စိုးအကြောင်းကို ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့်
“ရန်ပိုင်စိုး” တစ်မျက်နှာကာတွန်း၊ ရွာသားတစ်ယောက်သည် မြို့မှပြန်လာရာလမ်းတွင်
မော၍ ရေဆာသဖြင့် အရိပ်ရသော သစ်ပင်ကြီး၏အောက်တွင် နားနေပြီး သောက်ရေအိုးစင်ကရေကို
ယူသောက်ပြီးနောက် ထိုသစ်ပင်ကြီး၏ အကိုင်း၊ အခက်များကို ခုတ်၍ သယ်ဆောင်သွားသည့်အပြင်
သောက်ရေအိုးကိုပါ ယူသွားသည့်အကြောင်း ရေးဖွဲ့ထားသည့် “အရိပ်နေနေ၊ အခက်ချိုးချိုး”
နှစ်မျက်နှာကာတွန်း၊ ဉာဏ်စမ်းမေးခွန်းသုံးခုကို ဦးကေဂျီးအား
မေးမြန်းထားသည့်အကြောင်းကို တင်ဆက်ထားသည့် “အိမ့်နှစ်” နှစ်မျက်နှာကာတွန်း၊ မြန်မာစာပေ၊
မြန်မာစကားကို ထိန်းသိမ်းစောင့်ရှောက်ရန် ဘိုးဘွားအမွေအနှစ်ဖြစ်သော မြန်မာပြည်ကို ချစ်မြတ်နိုးရန်နှင့်
ကျွန်ခေတ်ပညာရေးစနစ်ကို လက်မခံဘဲ ကျောင်းသားများ သပိတ်စမှောက်ခဲ့သည့် သမိုင်းဝင်အမျိုးသားနေ့ကို
ဂုဏ်ပြုရေးဖွဲ့ထားသည့် “အမျိုးသားနေ့ တို့မမေ့” ကဗျာကဏ္ဍ၊ အင်္ဂလိပ်
စာသင်ခန်းစာကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍ၊ ဝတ္ထုကဏ္ဍနှင့် ပုံပြင်ကဏ္ဍအပါအဝင် ကဏ္ဍစုံလင်စွာ
ထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန် စာအုပ်အရောင်းဆိုင်များတွင်
ဝယ်ယူနိုင်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment