နေပြည်တော် နိုဝင်ဘာ ၁၀
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၈ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ တာဝန်ကျအကောက်ခွန်အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားသည်နှင့် ကွဲလွဲပါရှိလာသည့် ဆိုင်ကယ်အပိုပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၄၃၇၆၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့ပြင် နိုဝင်ဘာ ၉ ရက်တွင် မွန်ပြည်နယ်
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သံလွင်တံတားစစ်ဆေးရေးဂိတ်၌
တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်တစ်စီးပေါ်၌ တရားဝင်စာရွက်စာတမ်း
အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် စားသုံးဆီ လီတာ ၁၀၂၀၀ နှင့် Lipo အချိုရည်ဂျပ်ဖာ ၁၀၀
(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၅၅၀၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Higer
Bus အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀၀)
စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၂၅၅၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး
အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး
အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြဝတီ(OSS) ကုန်သွယ်ရေးဇုန်၌ တာဝန်ကျပူးပေါင်းစစ်ဆေးရေးအဖွဲ့က
စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့်
တိရစ္ဆာန်အစာ ကီလိုဂရမ် ၂၃၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၉၈၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး
အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် ရခိုင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး
အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ
မင်းပြားမြို့နယ်၊ တောင်ကုတ် မြို့နယ်နှင့် ကျောက်ဖြူမြို့နယ်တို့အတွင်း တရားမဝင်သစ်မျိုးစုံ
၂၄ ဒသမ ၉၆၄၀ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၆၈၄၈၈) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ
အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် မကွေးတိုင်းဒေသကြီး တရားမဝင်
ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က
စစ်ဆေးမှု များဆောင်ရွက်ခဲ့ရာ မြို့သစ်မြို့နယ် ဇီးလုံးကျေးရွာအတွင်း တရားမဝင်သစ်မျိုးစုံ
၁ ဒသမ ၂၄၇၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၆၃၈၈) ကို ဖမ်းဆီးရမိခဲ့ပြီး
သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။
အလားတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏
စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၉ ရက်နှင့် ၁၀
ရက်တို့တွင် တိုင်းဒေသကြီး သစ်တောဦးစီးဌာနဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က
တောင်ငူခရိုင်နှင့် ညောင်လေးပင်ခရိုင်တို့အတွင်း တရားမဝင်သစ်မျိုးစုံ ၇၂ ဒသမ ၇၄၅၂
တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၃၅၅၂၇၆) ကို သစ်တော ဥပဒေအရ လည်းကောင်း၊ နိုဝင်ဘာ
၁၀ ရက်တွင် တိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က
မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်၌
သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားသည်ထက် ပိုမိုသယ်ဆောင်လာသော ရေခဲမုန့် ၁၂၀၅ ဖာ (ခန့်မှန်းတန်ဖိုးငွေကျပ်
၁၅၁၈၃၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Isuzu Freezer Box Truck အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀၀၀)ကို
အကောက်ခွန် လုပ်ထုံးလုပ်နည်းအရ လည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၉၃၅၃၈၂၇၆
ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ နိုဝင်ဘာလ ၈ ရက်၊ ၉ ရက်နှင့် ၁၀ ရက်တို့တွင်
ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၄ မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၀၂၉၈၇၅၂)ဖြစ်ကြောင်း
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်

No comments:
Post a Comment