Wednesday, November 23, 2022

(၄)ကြိမ်မြောက် ရွှေ့ပြောင်းလူအုပ်စုများအကြား တီဘီရောဂါတိုက်ဖျက်ရေး ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု ကြီးကြပ်ကော်မတီ အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်အဖွဲ့တက်ရောက်

 


နေပြည်တော် နိုဝင်ဘာ ၂၃

ရွှေ့ပြောင်းလူအုပ်စုများအကြား တီဘီရောဂါတိုက်ဖျက်ရေး ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု ကြီးကြပ်ကော်မတီ အစည်းအဝေးကို နိုဝင်ဘာ ၂၄ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပမည်ဖြစ်ရာ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာထွန်းမင်း ဦးဆောင်သော ကိုယ်စားလှယ် (၂)ဦးသည် ယနေ့တွင် ရန်ကုန်မြို့မှ လေကြောင်းခရီးစဉ်ဖြင့် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်။

မဟာမဲခေါင်ဒေသတွင်းနိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ ရွှေ့ပြောင်းလူအုပ်စုများတွင် တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို ကမ္ဘာ့ရန်ပုံငွေအဖွဲ့၏ အထောက်အပံ့ဖြင့် ဆောင်ရွက်လျက်ရှိရာ ယခုကျင်းပသော လေးကြိမ်မြောက် အစည်းအဝေးတွင် ဖော်ပြပါ နိုင်ငံငါးနိုင်ငံနှင့် ဒေသတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ အချိတ်အဆက်မိစွာ ဆောင်ရွက်နိုင်ရေး၊ တီဘီရောဂါ၊ ခုခံကျရောဂါဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုများ ထိရောက်စွာပေးနိုင်ရေးနှင့် ဒေသတွင်းကျန်းမာရေး သတင်းအချက်အလက်စနစ် တည်ထောင်နိုင်ရေးတို့ကို ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment