မြစ်ကြီးနား နိုဝင်ဘာ ၉
၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် ကချင်ပြည်နယ်မှ ဂုဏ်ပြုယာဉ်နှင့် ပြည်နယ်ကိုယ်စားပြုပြခန်းများ ထုတ်ဖော်ပြသနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၈ ရက် နံနက် ၉ နာရီခွဲအချိန်ခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
ဂုဏ်ပြုယာဉ်နှင့် ပြခန်းထုတ်ဖော်ပြသနိုင်ရေးအတွက်
ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်
ဂုဏ်ပြုအခမ်းအနားတွင် မိမိတို့ ကချင်ပြည်နယ်အနေဖြင့် ဂုဏ်ပြုယာဉ်နှင့်
ပြည်နယ်ကိုယ်စားပြုပြခန်းကို ပြသသွားမည် ဖြစ်ပါကြောင်း၊ မိမိတို့၏
ယဉ်ကျေးမှုအမွေအနှစ်များ၊ ဓလေ့ထုံးစံများ၊ ဒေသထုတ်ကုန်/ ထွက်ကုန်များအပြင် တွင်းထွက်သယံဇာတများကိုပါ
စုံလင်စွာ ထုတ်ဖော်ပြသနိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်နိုင်ရေး ဆွေးနွေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း
တိုက်တွန်းမှာကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများက
(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် တည်ဆောက်ပြသသွားမည့်
ဂုဏ်ပြုယာဉ် နမူနာပုံစံနှင့် ဖော်ထုတ်ပြသမည့် ပြည်နယ်၏ အထင်ကရနေရာများ၊
ထင်ရှားသည့်ပစ္စည်းများ၊ ဒေသတွင်း ထုတ်ကုန်ပစ္စည်းများနှင့် အထိမ်းအမှတ်
ပြည်နယ်ကိုယ်စားပြုပြခန်း တည်ဆောက်သွားမည့် ပုံစံများ၊ ပြခန်းဆိုင်ရာ အချက်အလက်များနှင့်
ပြခန်းတွင် ပါဝင်ထည့်သွင်းပြသသွားမည့် ပစ္စည်းများ၊ ဒေသထွက်ရိုးရာ စားသောက်ဖွယ်ရာများကို
ရောင်းချပြသနိုင်ရေး ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြကြရာ
ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ဖြည့်စွက်သုံးသပ်
ရှင်းလင်းတင်ပြကြသည်။
တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က
ဂုဏ်ပြုယာဉ်နှင့် ပြည်နယ်ကိုယ်စားပြု ပြခန်းများကို ထည့်သွင်းဖော်ထုတ်ပြသမည့်
အကြောင်းအရာ၊ အချက်အလက် တစ်ခုချင်းစီအလိုက် ရိုးရာယဉ်ကျေးမှု၊ စည်လုံးမှုကို
ပေါ်လွင်အောင်ပြသနိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်
ဆောင်ရွက်ပေးခဲ့သည်။
အလားတူ မွန်းလွဲပိုင်းတွင် အဆိုပါ အစည်းအဝေးခန်းမ၌
ကချင်ပြည်နယ် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့မှ အဂတိလိုက်စားမှု
တိုက်ဖျက်ရေးကော်မရှင်၏ မူဝါဒပိုင်းဆိုင်ရာ လမ်းညွှန်မှာကြားချက်များအား
ရှင်းလင်းပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အဂတိလိုက်စားမှု
တားဆီးကာကွယ်ရေးသည် နိုင်ငံနှင့် ပြည်နယ်အတွက် အရေးကြီးသည့်ကိစ္စရပ် တစ်ခုဖြစ်ပါကြောင်း၊
အဂတိလိုက်စားမှုသည် မိမိတို့ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများအတွက်
ဝန်ထုပ်ဝန်ပိုးဖြစ်စေပါကြောင်း၊ မိမိတို့အနေဖြင့် အဂတိလိုက်စားမှု
လျော့နည်းကျဆင်းရေးနှင့် လမ်းညွှန်မှာကြားချက်များပေါ် ဦးစားပေးဆောင်ရွက်ရမည့် ကိစ္စရပ်များကို
စနစ်တကျ အကောင်အထည်ဖော်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း
တိုက်တွန်းမှာကြားသည်။
ထို့နောက် ကချင်ပြည်နယ်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့
အဖွဲ့ခေါင်းဆောင် ပြည်နယ်အစိုးရအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးနေထွန်းအောင်က
ပြည်နယ်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ထားရှိမှုနှင့်
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ လမ်းညွှန်မှာကြားချက်များကို လည်းကောင်း၊
ပြည်နယ်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ဝင် ပြည်နယ်ဥပဒေအရာရှိ ဦးကပ်တလွန်းက
အဂတိလိုက်စားမှု သဘောတရားများ၊ စီရင်ပိုင်ခွင့်များ၊ တားဆီးကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍
ဥပဒေရှုထောင့်မှလည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ပြည်နယ်အဂတိလိုက်စားမှု
တားဆီးကာကွယ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ လမ်းညွှန်ကြားချက်များအပေါ်
ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဖြည့်စွက်ရှင်းလင်း ဆွေးနွေးခဲ့ကြရာ
ပြည်နယ်ဝန်ကြီးချုပ်က ခရိုင်နှင့် မြို့နယ်များအလိုက် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ
ဖွဲ့စည်းနိုင်ရေးနှင့် စနစ်တကျဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး
လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)
No comments:
Post a Comment