Friday, November 4, 2022

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

 


နေပြည်တော် နိုဝင်ဘာ ၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည်ဖော် ဆောင် ရွက်နိုင်ရေးအတွက် နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှု အခြေအနေနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် သီးထပ် စိုက်ပျိုးနိုင်ရေး၊ မွေးမြူရေးထုတ်ကုန်များအား တန်ဖိုးမြှင့်ရောင်းချနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့နံနက်(၁၀) နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။



ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းရှင်များတွေ့ဆုံပွဲတွင် လမ်းညွှန်မှာကြားခဲ့ရာနှင့်ပတ်သက်ပြီး  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံးမှ လမ်ညွှန်မှာကြားချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများက အစွမ်းကုန် အားထုတ် ကြိုးစားဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဆောင်ရွက်ပြီးစီးမှုအခြေ အနေများကို ပြန်လည် တင်ပြပေးစေလိုကြောင်း၊ အကောင်အထည်ဖော် ဆောင်ရွက်မည့် နည်းလမ်းများကို ဝိုင်းဝန်းအကြုံပြု ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့် အခြေအနေ များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့် အခြေအနေများ၊ နေပြည် တော် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှု အခြေအနေများနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် သီးထပ်စိုက်ပျိုးနိုင်ရေး၊ မွေးမြူရေး ထုတ်ကုန်များအား တန်ဖိုးမြှင့် ရောင်းချနိုင်ရေး ဆောင်ရွက်မည့် အခြေအနေများကို သက်ဆိုင်ရာ ကဏ္ဍများလိုက် ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က တင်ပြချက် များနှင့်ပတ်သက်၍ လိုအပ်သည်များ ပြန်လည်ဖြည့်စွက် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ခရိုင်၊ ပြန်/ဆက်)

No comments:

Post a Comment