နေပြည်တော် နိုဝင်ဘာ ၁၀
ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အဆိုပါသင်တန်းကို ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု
တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်(၂၀၂၁-၂၀၂၂)ကို
အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် သက်ဆိုင်ရာဌာန/အဖွဲ့ အစည်းများမှ
ဝန်ထမ်းများအနေဖြင့် ပဋိပက္ခအတွင်း လိင်အကြမ်း ဖက်မှုဆိုင်ရာ တုံ့ပြန်ဖြေရှင်း
ဆောင်ရွက်မှု အသိပညာ၊ ဗဟုသုတများရရှိပြီး အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်
များကို အကောင်အထည်ဖော်ရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း
သိရသည်။
ယင်းအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်၍ ပဋိပက္ခအတွင်း
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ
အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ပထမအကြိမ်
သင်တန်းကို ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် ဖွင့်လှစ်ခဲ့ပြီး ယခုသင်တန်းမှာ
ဒုတိယအကြိမ်မြောက် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ဆွေးနွေးသွားမည့် ဘာသာရပ်များမှာ
တိုင်ကြားမှုအပေါ် အရေးယူဆောင်ရွက်ခြင်း၊ အမှုတိုင်ကြားမှုအပေါ် ဆောင်ရွက်မှုအဆင့်ဆင့်၊
ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်၏ Conflict-related Sexual Violence (CRSV) ဆိုင်ရာ နှစ်စဉ်အစီရင်ခံစာနှင့်
မြန်မာနိုင်ငံကို အစီရင်ခံစာ၏ နောက်ဆက်တွဲစာရင်းတွင် ထည့်သွင်းထားခြင်း၊
လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးဆိုင်ရာ
ဆောင်ရွက်ချက်များ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့်စပ်လျဉ်း သည့် ပြစ်မှုများအကြောင်း၊
ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅၊ UNSCR-1325 ၊ လူမှုဝန်ထမ်း ဦးစီးဌာန၏ Help-line ဝန်ဆောင်မှုနှင့်
တစ်နေရာတည်းတွင် အမျိုးသမီးများကို ဝန်ဆောင်မှုပေးခြင်း One Stop Women Support
Centre- OSWSC နှင့် လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ်တို့ပါဝင်ကြောင်း
ရှင်းလင်းပြောကြားသည်။
ထို့အတူ ဒုတိယဝန်ကြီးက ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ
အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်
လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နေမှုမျာ ကို ပြောကြားခဲ့သည်။
ယင်းသင်တန်းသို့ ဌာနဆိုင်ရာအသီးသီးနှင့် မြန်မာနိုင်ငံ
အမျိုးသမီးရေးရာအဖွဲ့ချုပ်တို့မှ သင်တန်းသား သင်တန်းသူ ၅၀ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment