နေပြည်တော် နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)သို့ နိုဝင်ဘာ ၆ ရက်က စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်နှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေး ကြောင်း သိရသည်။
ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက အလုပ်ရုံခွဲများအလိုက်
လျှပ်စစ်နှင့်သက်ဆိုင်သည့် ပြုပြင်ရမည့် အစိတ်အပိုင်းများကို အချိန်မီပြီးစီးအောင်
ပူးပေါင်းဆောင်ရွက်ရန်၊ ပြုပြင်ပြီးစီးသည့် စက်ပစ္စည်းအစိတ်အပိုင်းများနှင့်
ပတ်သက်၍ ထိန်းသိမ်းရေးလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်ရန်၊ ခွင့်ပြုဘဏ္ဍာရန်ပုံငွေများ
အလေအလွင့်မရှိစေရန်နှင့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန်၊
စီမံကိန်းလုပ်ငန်းများ အမြန်ဆုံး ပြီးစီးနိုင်ရေးနှင့် စက်ရုံစတင် လည်ပတ်ပါက
လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမရှိစေရေး ကြိုတင်စီမံထားရန်၊ လိုအပ်သော
ကုန်ကြမ်းများကို ကြိုတင်စုဆောင်း၍ စနစ်တကျထိန်းသိမ်းထားရန် တာဝန်ရှိသူများကို
မှာကြားသည်။
ထို့ပြင် ခေတ္တစက်ရုံမှူးနှင့် တာဝန်ရှိသူတို့က အလုပ်ရုံအလိုက်
လုပ်ငန်းဆောင်ရွက်မှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြရာ
ဒုတိယဝန်ကြီးက လိုအပ်သည်များကို မှာကြားပြီး အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)
အလုပ်ရုံ ခွဲအသီးသီးရှိ စက်ပစ္စည်းများ စစ်ဆေးပြုပြင်နေမှုနှင့် စမ်းသပ်မောင်းနှင်နေမှု၊
Grizzily with double
desk vibrating screen (250 Ton/Hour) တည်ဆောက် ရန်
မြေပြုပြင်ခြင်း၊ Waste Heat Boiler တွင် Wall Tube များကို Magnetic Particle Testing(MT) နှင့် Ultrasonic
Testing(UT) ဆောင်ရွက်မှု၊ Heat Recovery Power Station တွင် 11 kV Cable များကို DC Hi-pot Testing ဆောင်ရွက်နေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment