နေပြည်တော် နိုဝင်ဘာ ၂၇
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်၌ ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော
ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၁ ရက် ည ၈ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်
ဘုရားကြီး-ဝေါသွား
ကားလမ်း ညောင်ခါးရှည်ကျေးရွာအနီး၌ ဘုရားကြီးဘက်မှ မော်လမြိုင်ဘက်သို့ စောအယ်တူလို မောင်းနှင်ပြီး
စောအယ်ဒိုထူး လိုက်ပါလာသည့် TOYOTA TOYO-ACE ခြောက်ဘီးမော်တော်ယာဉ်ကို
သတင်းအရ ရှာဖွေရာ ဒေသကာလတန်ဖိုး ငွေကျပ် ၂ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား
၁၃ ဒသမ ၄ သိန်း၊ အိုက်စ် ၂ ကီလိုနှင့် မော်တော်ဆိုင်ကယ်တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊
စစ်ဆေး ဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်မှ မွန်ပြည်နယ်သို့
သယ်ဆောင် ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို
ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment