Friday, November 25, 2022

အရည်အသွေးပြည့်ဝသည့် စာရင်းစစ်များဖြစ်စေရန်သင်တန်းမှ လေ့လာသိရှိမှုများဖြင့် ရပ်တန့်မနေဘဲ ဆက်လက်လေ့လာဆည်းပူးရန်လို

နေပြည်တော် နိုဝင်ဘာ ၂၄

ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး နေပြည်တော်သင်တန်းကျောင်းတွင် ဖွင့်လှစ်သည့် လက်ထောက်စာရင်းစစ်မှူး များ စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်း အမှတ်စဉ် (၃/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က ပြည်ထောင်စုစာရင်းစစ်ချုပ် ရုံးသည် ပြည်သူ့ဘဏ္ဍာငွေစီမံခန့်ခွဲမှု ကောင်းမွန်စေရန် စစ်ဆေးခြင်းဖြင့် ကြီးကြပ်ထိန်းကျောင်း ပေးလျက်ရှိရာ ယခု နိုင်ငံတော်တည်ဆောက်ရေး ကာလအတွင်း ပြုပြင်ပြောင်းလဲ ဆောင်ရွက်မှုများတွင်လည်း လေလွင့်ဆုံးရှုံးမှု မရှိစေရေးအတွက် စာရင်းစစ်များအနေဖြင့် ဝိုင်းဝန်းကြိုးပမ်းထိန်း ကျောင်းပေးရမည် ဖြစ်ပါကြောင်း၊ ခေတ်နှင့်အညီ ပြောင်းလဲတိုးတက် နေသည့် ပညာရပ်များကို ဆက်လက်လေ့လာဆည်းပူး၍ ပြည်သူ့အကျိုး၊ ဌာနအကျိုးသယ်ပိုး ဆောင်ရွက်နိုင်သည့် အရည်အသွေး ပြည့်ဝသော စာရင်းစစ်ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစား ကြစေလိုပါကြောင်းမှာကြားသည်။

အဆိုပါသင်တန်းကို စာသင် ခန်းတက်ရောက် (Face To Face) ဖြင့် တစ်လကြာ ဖွင့်လှစ်သင် ကြားခဲ့ပြီး ရုံးချုပ်၊ ပြည်ထောင်စုနယ်မြေအတွင်းရှိ စာရင်းစစ်ရုံးနှင့် ဒေသစာရင်းစစ်ရုံး အသီးသီးမှ သင်တန်းသား ၂၉ ဦး တက်ရောက် ပြီးမြောက်ခဲ့သည်။

သင်တန်းဆင်းပွဲသို့ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment