Wednesday, November 23, 2022

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ လားရှိုးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများအား လှူဖွယ်ဝတ္တုပစွည်းနှင့် နဝကမ အလှူငွေများဆက်ကပ်

 






လားရှိုး နိုဝင်ဘာ၂၃

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည်နိုဝင်ဘာလက လားရှိုးမြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းများအား သွားရောက်ကာ လှူဖွယ်ဝထ္ထုပစ္စည်းများနှင့် နဝကမအလှူငွေများ ဆက်ကပ်လှူဒါန်းပေးကြကြောင်း သိရသည်။

ထို့သို့ လှူဒါန်းပေးအပ်ရာ နိုဝင်ဘာ(၂၀)ရက်နေ့တွင် လားရှိုးမြို့ သာသနာ့ ၂၅၀၀ ဘုန်းတော်ကြီးကျောင်း၊ နိုဝင်ဘာ(၂၁)ရက်နေ့တွင် ဇမ္ဗူအေးတီတပ်ဦးဘုန်းတော်ကြီးကျောင်း၊ နိုင်ငံတော်သံဃမဟာနာယက ဆရာ တော် ဘဒ္ဒန္တဥတ္တမအား သွားရောက်ဖူးမျှော်ကာ လှူဖွယ်ပစ္စည်းနှင့် နဝကမအလှူငွေများ ဆက်ကပ်လှူဒါန်း ပေးပြီး လားရှိုးမြို့ မဟာမြတ်မုနိဘုရားအဆောက်အဦ ပြင်ဆင်နိုင်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အလှူငွေများ ပေးအပ်လှူဒါန်းပေး၍ လားရှိုးမြို့ ပါရမီတောရ ဘုန်းတော်ကြီးကျောင်းတွင် (၃)ထပ်ကျောင်းဆောင် အပြီးသတ် နိုင်ရေးအတွက် အလှူရှင်များမှ အလှူငွေပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်ကာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အလှူငွေများလက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ အလှူရှင်များ လှူဒါန်းပေးသည့်ငွေများကို ဥပါတကာဦးမျိုးကျော်ထံ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပြန်လည်ပေးအပ်ပြီး နိုဝင်ဘာ(၂၂)ရက်နေ့တွင် လားရှိုးမြို့ သီရိမင်္ဂလာ မန်ဆူ ရှမ်းကျောင်း ဘုန်းတော်ကြီး ကျောင်း အဂ္ဂမဟာသဒ္ဓမ္မဇောတိကတဇေ၊အဂ္ဂမဟာသမ္မဌာနစရိယမြို့နယ် သံဃနာယကအဖွဲ့၊ ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တပုညနန္န ဆရာတော်အား သွားရောက်ကာ အလှူငွေနှင့်လှူဖွယ် ဝထ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းပေးကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)

No comments:

Post a Comment