Saturday, November 19, 2022

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်

နေပြည်တော် နိုဝင်ဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မတော်ပင်လယ်သွား ဆေးရုံ ရေယာဉ်(သံလွင်)သည် ယနေ့တွင် ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့ရှိ ပြည်သူ့ဆေးရုံ တွင်အခြေပြု၍ ဒေသခံပြည်သူ ၉၄၂ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၅၂၈ ဦး၊ ခွဲစိတ်ရောဂါ ၁၇ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၄၈ ဦး၊ ကလေးရောဂါ ၅၈ ဦး၊ အရိုးရောဂါ ၁၈၅ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၃၉ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၆၇ ဦး၊ စုစုပေါင်း ၉၄၂ ဦး တို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် ခွဲစိတ်ကုသရန်လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ၁ ဦး၊ မျက်စိခွဲစိတ်လူနာ ၁၁ ဦးတို့ကို ခွဲစိတ် ကုသမှုများ ဆောင်ရွက်ပေးပြီး အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေး လူနာ ၄၅ ဦး၊ ECG ဖြင့် နှလုံး စမ်းသပ်လူနာ ၂၉ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၂၁ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက် ပေးနိုင်ခဲ့ပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သည့် လူနာများအား နီးစပ်ရာတပ်မတော်ဆေးရုံနှင့် ပြည်သူ့ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment