မြစ်ကြီးနား နိုဝင်ဘာ ၂၆
ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ပြည်နယ်စီးပွားမြှင့်တင်နိုင်ရေး အတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများနှင့် ဒေသတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလက်မှု သမဝါယမအသင်းများ ထူထောင်၍ ကုန်ထုတ်လုပ်မှုမြင့်မားလာစေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က နံနက် ၉ နာရီတွင် မြစ်ကြီးနားမြို့နယ်အတွင်း လှည့်လည် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်
မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက်အတွင်း နို့စားနွားမွေးမြူရေးလုပ်ငန်းနှင့်
နို့ထွက်စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်လျက်ရှိသည့် ဦးစိုးငြိမ်း၏ နို့စားနွားမွေးမြူရေးခြံသို့
သွားရောက်ပြီး နို့စားနွားကောင်ရေ ၈၅ ကောင်တို့အား စနစ် တကျမွေးမြူထားရှိမှု၊
နို့နှင့် နို့ထွက်ပစ္စည်းများအား တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် နို့ဆီ၊ နို့ခဲ၊
ထောပတ်၊ ဒိန်ချဉ်၊ မလှိုင်များ ထုတ်လုပ်ရောင်းချနေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးကာ
နို့နှင့် နို့ထွက် ပစ္စည်းထုတ်ကုန်များ ပိုမိုတိုးချဲ့ထုတ်လုပ်နိုင်ရေး သမဝါယမအစုအဖွဲ့အနေဖြင့်
နိုင်ငံ့စီးပွားမြင့်တင် ရေးရန်ပုံငွေမှ ချေးငွေဖြင့် ပံ့ပိုးကူညီပေးနိုင်ရေး
ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ
မွေးမြူရေးအထောက်အကူပြုဆေးဝါးများနှင့် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်
အဆိုပါ ရပ်ကွက်အတွင်းရှိ ဦးထွန်းရီ၏ ရိုးရာအဝတ်အထည်များရက်လုပ်သည့် အသေးစားလက်ရက်ကန်းရုံသို့
သွားရောက်ပြီး ရက်ကန်းစင် များပေါ်တွင် ကချင်ရိုးရာအဆင်ဒီဇိုင်းများအား
ရက်လုပ်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြ ကာ ရင်းနှီးမြှုပ်နှံမှု၊ ဈေးကွက်ရရှိမှုနှင့်
အထည်အလိပ်များ ထုတ်လုပ်နိုင်မှုအခြေအနေတို့ကို မေးမြန်း ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က
အသေးစားစက်မှုလက်မှုလုပ်ငန်းများစုဖွဲ့၍ နိုင်ငံ့စီးပွားမြှင့်
တင်ရေးရန်ပုံငွေဖြင့် ဒေသထွက် ထုတ်ကုန်များ တိုးမြှင့်ဆောင်ရွက်နိုင်ရေး
အရင်းမပျောက် ပုံမှန် လည်ပတ်ငွေဖြင့် မတည်ပေးနိုင်ရေး
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အလားတူ အဆိုပါ ရပ်ကွက်အတွင်းရှိ ဦးသန်းဆွေ၏
ရက်ကန်းရုံနှင့် ဦးပီတာဆိုင်းအောင်၏ ရက်ကန်းရုံနှင့် မြို့သစ်ကြီးရပ်ကွက်ရှိ
ခခူးရက်ကန်းရုံတို့အား သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး ရက်ကန်းရုံများအတွင်း လက်ရက်ကန်း၊
စက်ရက်ကန်းတို့ဖြင့် ရိုးရာအထည်များကို
ရက်လုပ်နေမှု၊ ရက်ကန်းချည် ဆိုးဆေးထုတ်လုပ်ဆောင်ရွက်မှုတို့ကို
လှည်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အသေးစား စက်မှုလက်မှုရက်ကန်းလုပ်ငန်းများနှင့်
ထုတ်ကုန်များ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် လုပ်ငန်းများ ရေရှည်
ရပ်တည်နိုင်ရေးအတွက် လိုအပ်သည်များကို ရက်ကန်းလုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာများ
အကြား ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့်
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မြစ်ကြီးနားစိုက်ပျိူးရေးသိပ္ပံကျောင်း
ဝင်းအတွင်း ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ
သည့် နွားနှင့် ဆိတ်မွေးမြူရေးသရုပ်ပြသုသေသနခြံ တည်ဆောက်ရေးလုပ်ငန်းနှင့်
တိရစ္ဆာန်အစာအ ဖြစ် နေဗီယာမြက်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှု၊ နွားမွေးမြူရေးခြံတည်ဆောက်ပြီးစီးမှုနှင့်
စိုက်ပျိုးရေးသိပ္ပံကျောင်းဝင်းအတွင်း မွေးမြူရေးဘာသာရပ် တိုးချဲ့သင်ကြားနိုင်ရေး
စာသင်ဆောင်၊ အသေးစားသုသေတနဓာတ်ခွဲခန်းနှင့် အစာသိုလှောင်ရုံများ တည်ဆောက်နေမှုကို
ကြည့်ရှုစစ်ဆေးပြီး မွေးမြူရေးလုပ်ငန်းများ စနစ်တကျဖြင့်
သုတေသနပြုမွေးမြူနိုင်ရေး၊ ဒေသနှင့် ကိုက်ညီသည့် မွေးမြူ ရေး
တိရစ္ဆာန်မျိုးကောင်းမျိုးသန့်များ ဖြန့်ဝေနိုင်ရေး လိုအပ်သည်များကို
ဌာနဆိုင်ရာများနှင့် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည်
မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်အတွင်းရှိ မိုးစပါး စိုက်ပျိုးသည့် လယ်ယာမြေများအတွင်း
မိုးစပါးသီးနှံရိတ်သိမ်းပြီးချိန်အတွင်း ဆောင်းသီးထပ်သီးနှံ အဖြစ်
နေကြာစိုက်ပျိုးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)
No comments:
Post a Comment