စန်းစန်းအေး (ကျန်းမာရေးဘောဂဗေဒ)
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဟာ “လူ့ဂုဏ်သိက္ခာ အပြည့်အဝရရှိနိုင်မယ့် လူမှုအသိုက်အဝန်းတစ်ရပ်ပေါ်ပေါက်လာစေရေးနဲ့ အားလုံးအကျုံးဝင်ပြီး ရေရှည်တည်တံ့မှုရှိတဲ့ လူမှုကာကွယ်စောင့်ရှောက်ရေး နည်းလမ်းတွေနဲ့ ပြည်သူလူထု လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်စေရေး” မူဝါဒနဲ့အညီ ပြည်သူလူထုအတွင်း ထိရောက်တဲ့ လူမှုရေးပိုင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများနဲ့ ဝန်ဆောင်မှုတွေကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါတယ်။
မြန်မာနိုင်ငံရဲ့ လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်မှာ
အဓိကလုပ်ငန်း (Flag Ship
Program) ရှစ်ရပ်ပါဝင်ပြီး အားလုံးအကျုံးဝင်စေသော ချဉ်းကပ်မှု
(Universal approach ) နဲ့ ဆောင်ရွက်ဖို့ ရေးဆွဲထားရှိပါတယ်။
လူမှုကာကွယ်စောင့်ရှောက်ရေး အဓိကလုပ်ငန်း ရှစ်ရပ်မှာ-
(၁) ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာတဲ့ အသက်နှစ်နှစ်အောက် ကလေးသူငယ်များကို
ထောက်ပံ့ငွေပေးအပ်ခြင်း (ကလေးဘဝအစ ရက် ၁၀၀၀ အတွင်း အာဟာရပြည့်ဝစေရန်
ထောက်ပံ့ခြင်း)၊
(၂)
အသက် သုံးနှစ်မှ ၁၅ နှစ်အထိ ကလေးသူငယ်များကို ထောက်ပံ့ခြင်း၊
(၃) မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း၊
(၄) ကျောင်းတွင်း အာဟာရကျွေးမွေးသော အစီအစဉ်များ ဆောင်ရွက်ခြင်း၊
(၅) အများပြည်သူ အလုပ်အကိုင်ရရှိရေးနှင့် အသက်မွေးဝမ်းကျောင်း ပညာရေး အစီအစဉ်များ
ဆောင်ရွက်ခြင်း၊
(၆) လူမှုရေးပင်စင် အစီအစဉ်ဆောင်ရွက်ခြင်း၊
(၇) သက်ကြီးသူချင်း ကူညီစောင့်ရှောက်ရေး အဖွဲ့များအား ထောက်ပံ့ခြင်း၊
(၈) ဘက်စုံလူမှုကာကွယ်စောင့်ရှောက်ရေး ဝန်ဆောင်မှုတို့ ဖြစ်ပါတယ်။
အပေါင်းလက္ခဏာဆောင်တဲ့ တိုးတက်မှုတွေ
မဟာဗျူဟာစီမံချက်ပါ အဓိကလုပ်ငန်းတွေကို အဆင့်အလိုက် အကောင်အထည်ဖော်သွားခြင်းဖြင့်
ပြည်သူလူထုအတွင်း ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ သာတူညီမျှဖြစ်ရေး၊ လူမှုသဟဇာတဖြစ်ရေးစတဲ့
အပေါင်း လက္ခဏာဆောင်တဲ့ တိုးတက်မှုတွေ ရေရှည်မှာ ရရှိလာနိုင်မှာ ဖြစ်ပါတယ်။
ဖော်ပြပါလုပ်ငန်းရှစ်ရပ်အနက် ဝန်ကြီးဌာနရဲ့ ဦးဆောင်မှုနဲ့
လူမှုဝန်ထမ်းဦးစီးဌာနက အမှတ်စဉ် (၁)၊ (၆)၊ (၇)နဲ့ (၈) တို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။
ကဏ္ဍလေးရပ်အနက် လူမှုရေးပိုင်းဆိုင်ရာရင်းနှီး မြှုပ်နှံခြင်းအတွက်
ငွေကြေးထောက်ပံ့ခြင်းကဏ္ဍ နှစ်ရပ်ဖြစ်တဲ့ အမှတ်စဉ် (၁)နဲ့ (၆)၊ ဘက်စုံလူမှု ကာကွယ်စောင့်ရှောက်ရေး ဝန်ဆောင်မှုအဖြစ်
လူမှုဖြစ်ရပ် စီမံခန့်ခွဲမှုစနစ် တည်ထောင်ရေးကဏ္ဍတို့အတွက် စာရွက်မှတ်တမ်းတွေ ထိန်းသိမ်းခြင်း၊
လွှဲပြောင်းခြင်း၊ လူပုဂ္ဂိုလ်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေဖြစ်၍ လုံခြုံစွာထိန်းသိမ်းဖို့
လိုအပ်ခြင်း၊ သတင်းအချက်အလက်တွေ ခွဲခြမ်းစိတ်ဖြာ၍ မူဝါဒပိုင်းဆိုင်ရာ အကြံပြုချက်တွေနဲ့
တိကျတဲ့ ကိန်းဂဏန်းအချက်အလက်အပေါ် အခြေခံပြီး သုတေသနပြုခြင်းတွေကို ဆောင်ရွက်ဖို့လည်း
လိုအပ်လျက်ရှိပါတယ်။
လူမှုသတင်းအချက်အလက် စီမံခန့်ခွဲမှုစနစ်
လူမှုသတင်းအချက်အလက် စီမံခန့်ခွဲမှုစနစ် (Social Management Information
System-SMIS)ကို ၂၀၁၇ ခုနှစ်မှာ Microsoft Excel နဲ့သာ ထည့်သွင်းပြီး စီမံခန့်ခွဲမှုတွေ ဆောင်ရွက်ခဲ့ပါတယ်။ စနစ်ရဲ့အစမှာ ငွေကြေးထောက်ပံ့မှုပေးခြင်း
ကဏ္ဍနှစ်ရပ်အတွက် အကျိုးခံစားခွင့်ရှိသူ ဦးရေဟာ ၅၀၀၀၀ ခန့်သာရှိပေမယ့် ၂၀၂၂ ခုနှစ်မှာ
အကျိုးခံစားခွင့်ရှိသူ ၇၀၀၀၀၀ နီးပါးခန့်ရှိလာတဲ့ အတွက် SMIS Software ရေးဆွဲပြီး သတင်းအချက် အလက်တွေကို စနစ်တကျစီမံခန့်ခွဲဖို့ လိုအပ်လျက်ရှိပါတယ်။
ထိုနည်းတူစွာ လူမှုဖြစ်ရပ်စီမံခန့်ခွဲမှုမှာလည်း ဖြစ်ရပ်အရေအတွက်တွေမှာ
အစပိုင်းမှာ ၅၀၀ ခန့် သာရှိရာကနေ ၂၀၂၂ ခုနှစ်မှာ ၅၀၀၀ ကျော်အထိရှိလာတဲ့အတွက် SMIS စနစ်အောက်မှာ Case
Management Information System – CMIS ကိုလည်း ဆော့ဖ်ဝဲရေးဆွဲပြီး ဒစ်ဂျစ်တယ်စနစ်ကို ကူးပြောင်းဖို့ လိုအပ်လျက်ရှိပါတယ်။
တပ်မတော်သတင်းနည်းပညာဌာနမှ
ပညာရှင်တွေရဲ့ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုနဲ့ SMIS Software ရေးသားခြင်းကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ စတင်ရေးသားခဲ့ရာ ယခုအခါ လူမှုဖြစ်ရပ်စီမံခန့်ခွဲမှု
သတင်းအချက်အလက်စနစ် (CMIS) Software ကို စမ်းသပ်အသုံးပြုနေပြီ
ဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပေးအပ်လျက်ရှိတဲ့
လူမှုရေးပင်စင်၊ တိုင်းဒေသကြီး / ပြည်နယ် ခုနစ်ခုမှာ ပေးအပ်လျက်ရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့
၎င်းတို့မှ မွေးဖွားတဲ့ အသက်နှစ်နှစ်အောက် ကလေးသူငယ်တွေကို ထောက်ပံ့ပေးခြင်း အစီအစဉ်နှစ်ရပ်အတွက်လည်း
ဆော့ဖ်ဝဲတွေကို ရေးဆွဲလျက်ရှိပါတယ်။
ASOCIO Digital Government
၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ တပ်မတော် သတင်းနည်းပညာဌာန ပညာရှင်တွေနဲ့
မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် တာဝန်ရှိသူတို့က အာရှနဲ့ သမုဒ္ဒရာဒေသရှိ သတင်းအချက်အလက်
နည်းပညာ ဆိုင်ရာ အသင်းချုပ် (Asian Oceanian Computing Industry Organization -ASOCIO) က
ASOCIO အဖွဲ့ဝင်နိုင်ငံတွေမှာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ နည်းပညာအသုံးပြု
ပြည်သူ့ အကျိုးပြုလုပ်ငန်းတွေ ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း အကြောင်းကြားလာပါတယ်။
ASOCIO ဟာ ၂၀၁၄ ခုနှစ်မှာ Digital Government Award အပါအဝင် ဆုအမျိုးအစား သုံးမျိုးကိုသာ ပေးခဲ့ပေမယ့် ၂၀၂၂ ခုနှစ်မှာ
ASOCIO Digital Government Award အပါအဝင် ဆုအမျိုးအစား ရှစ်မျိုးကို
ပါဝင်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနက
တပ်မတော်သတင်း နည်းပညာဌာနနဲ့ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တို့ရဲ့ ပံ့ပိုးကူညီမှုနဲ့
နိုင်ငံအတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ နည်းပညာအသုံးပြု ပြည်သူ့အကျိုးပြု
လုပ်ငန်းတစ်ရပ်ဖြစ်တဲ့ “လူမှုဖြစ်ရပ်စီမံခန့်ခွဲမှုစနစ် (Case Management Information
System-CMIS) ကို ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ASOCIO Digital
Government Award ကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၈ ရက်မှာ ရရှိခဲ့ပါတယ်။
ဒစ်ဂျစ်တယ်စနစ်ကို တဖြည်းဖြည်း ကူးပြောင်း
CMIS ကို Software Platform အဖြစ် အသွင်ကူးပြောင်း ဆောင်ရွက်မှာဖြစ်တဲ့အတွက် လူမှုဖြစ်ရပ် စီမံခန့်ခွဲမှုအစီအစဉ်မှာ
ကာကွယ်စောင့်ရှောက်ဖို့လိုအပ်တဲ့ ကလေးသူငယ်တွေ၊ ဥပဒေနဲ့ ငြိစွန်းလျက်ရှိတဲ့ ကလေးသူငယ်တွေ၊
ရုပ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုခြင်းခံရသူ ကလေးသူငယ်တွေ၊ ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ
ကိစ္စရပ်တွေ၊ လူကုန်ကူးခံရသူ ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေရဲ့ ဖြစ်ရပ်တွေကို အရင်က
စာရွက်မှတ်တမ်းသာ သိမ်းဆည်းရာကနေ ယခုအခါ ဒစ်ဂျစ်တယ်မှတ်တမ်းကိုပါ သိမ်းဆည်းပြီး ဒစ်ဂျစ်တယ်စနစ်ကို
တဖြည်းဖြည်း ကူးပြောင်းသွားမှာ ဖြစ်ပါတယ်။
Digital Platform ကို ပြောင်းလဲအသုံးပြုခြင်းဖြင့်
လူမှုဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်ပါ လုပ်ငန်းစဉ်တွေကို စနစ်တကျဆောင်ရွက်နိုင်ပြီး ဖြစ်ရပ်တွေကို
အစိုးရအဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းတွေအကြား လွှဲပြောင်းချိတ်ဆက်နိုင်မှာ
ဖြစ်တဲ့အပြင် ဖြစ်ရပ်အလိုက် မှတ်တမ်းတင်နိုင်ခြင်း၊ အချိန်နဲ့တစ်ပြေးညီ ကာကွယ်စောင့်ရှောက်နိုင်ခြင်း၊
အချက်အလက်တွေကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာနိုင် ပြီး အချက်အလက်(Data)မှ သတင်းအချက်အလက် (Information) ကို လည်းကောင်း၊ ယင်းမှတစ်ဆင့်
မူဝါဒ အဆိုပြုချက် (Policy input) များအထိ ပေးဆောင်နိုင်ပြီး
ပြည်သူလူထုအတွင်း လူမှု ဝန်ဆောင်မှုတွေကို ထိရောက်စွာ ဆောင်ရွက်နိုင်မယ့် အကျိုးကျေးဇူးတွေ
ရရှိလာမှာဖြစ်ကြောင်း စာရွက်မှတ်တမ်းမှ ဒစ်ဂျစ်တယ်စနစ်သို့ ကူးပြောင်းမှု
milestone ကို မှတ်တမ်းတင်အပ်ပါတယ်။ ။

No comments:
Post a Comment