မော်လမြိုင် နိုဝင်ဘာ ၁၀
မွန်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ်(၆/၂၀၂၂) အစည်းအဝဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်၀န်ကြီးချုပ်ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့၀င်၀န်ကြီးများ၊ ဌာနဆိုင်ရာတာ၀န်ရှိသူများတက်ရောက်ခဲ့ကြသည်။
မွန်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း အထင်ကရတန်ခိုးကြီး ဘုရား၊ စေတီများ၊ သဘာဝပတ်ဝန်းကျင်အလှအပများနှင့် ယဉ်ကျေးမှုအမွေအနှစ်များရှိသဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းများစွာရှိသည့် ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာပါက ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊ သဘာဝကိုအခြေခံသည့် ခရီးသွားလုပ်ငန်း Eco Tourism များအား ဖော်ဆောင်ပေးရန်လိုအပ်သလို ခရီးသွားဒေသများတွင် လုံခြုံရေးနှင့်ဘေးအန္တရာယ်ကင်းရှင်းရေးများကို ဦးစားပေးကဏ္ဍ တစ်ရပ်အနေဖြင့် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ခရီးသွားလုပ်ငန်းရေရှည်တိုးတက်ရေးတွက် အားလုံးဝိုင်းဝန်းပူးပေါင်း လုပ်ဆောင်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးဇေယျာထွန်းမှ ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှု၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများကို သတ်မှတ်စည်းကမ်းများနှင့်အညီ လိုင်စင်ထုတ်ပေးမှု အနေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးများနှင့်ကော်မတီဝင်များမှ ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ခင်စန်းမြင့်ခရိုင်ပြန်/ဆက်

No comments:
Post a Comment