Tuesday, November 8, 2022

ကျောက်ဖြူမြို့တွင် ရွှေရေတွင်းတော်၊ ရွှေညောင်ပင်တော်၊ ရွှေကုက္ကိုပင်တော်၊ ရွှေလက်ဝါးတော်တို့၏ ငြိမ်းချမ်းသာယာရှစ်ခွင်ကမ္ဘာ၊ ရှစ်မျက်နှာကပ်ကျော်ဘုရား ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းနှင့် ရွှေထီးတော်တင်ကပ်လှူပူဇော်ခြင်းအခမ်းအနားကျင်းပ

 

ကျောက်ဖြူ နိုဝင်ဘာ ၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးခြံဝန်း၌ တည်ထားကိုးကွယ်ပူဇော်လျက်ရှိသည့် ရွှေရေတွင်းတော်၊ ရွှေညောင်ပင်တော်၊ ရွှေကုက္ကိုပင်တော်၊ ရွှေလက်ဝါးတော်တို့၏ ငြိမ်းချမ်းသာယာရှစ်ခွင်ကမ္ဘာ၊ ရှစ်မျက်နှာကပ်ကျော်ဘုရား ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်းနှင့် ရွှေထီး တော်တင်ကပ်လှူပူဇော်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါရုံးခြံဝန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဘုရားကန်တော့ဖွင့်လှစ်ခဲ့သည်။ ထို့ နောက် တက်ရောက်လာသူများက ကျောက်ဖြူမြို့၊ အောင်မင်္ဂလာဘုန်းတော်ကြီးသင်ပညာရေး မူလွန်ကျောင်းတိုက်စာချဆရာတော် ဘဒ္ဒန္တသူရိန္ဒ(သာသနဓဇဓမ္မစရိယ) အရှင်သူမြတ်ထံမှ (၈)ပါးသီလခံယူဆောက်တည်ကြပြီး ကြွရောက်တော်မူလာကြသော သံဃာတော်အရှင်သူမြတ်များမှ ပရိတ်တရားတော်များချီးမြှောက်ခဲ့သည်။ 

ယင်းနောက် ရွှေထီးတော်နှင့်တကွ သင်္ကန်းအစရှိသော လှူဖွယ်ဝတ္ထုအစုစုတို့ကို ကျောက်ဖြူ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နေထွန်းလင်းနှင့် တာဝန်ရှိသူများက သံဃာတော်များအား ဆက်ကပ်လှူဒါန်းရာ သံဃာတော်အရှင်သူမြတ်များက လှူဒါန်းထားသော ရွှေထီးတော်များကို တင်လှူပူဇော်မည့် စေတီတော်များထံတွင် ဇယန္တောဗောဂိယာမူလေ အစရှိသော ဂါထာတော်ဖြင့်တင်လှူပူဇော်ပြီး ရွှေရေတွင်းတော်၊ ရွှေညောင်ပင်တော်၊ ရွှေကုက္ကိုပင်တော်၊ ရွှေလက်ဝါးတော်တို့၏ ငြိမ်းချမ်းသာယာရှစ်ခွင်ကမ္ဘာ၊ ရှစ်မျက်နှာကပ်ကျော်ဘုရားအား ဗုဒ္ဓါဘိသေကအနေကဇာတင်၍ အောင်မင်္ဂလာဘုန်းတော်ကြီး သင်ပညာရေးကျောင်းတိုက် စာချဆရာတော်မှ ရေစက်ချတရာတော်များဟောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နေထွန်းလင်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ၎င်းတို့၏မိသားစုဝင်များတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

တင်ထွန်းဦး

No comments:

Post a Comment