Monday, November 21, 2022

တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပ

 


နေပြည်တော် နိုဝင်ဘာ ၂၀

၂ဝ၂၂ ခုနှစ် တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာ အားကစားနည်းများအလိုက်သတ်မှတ်ထားသော အားကစားကွင်း/ရုံများတွင် ဆက်လက်ကျင်းပသည်။

တပ်မတော်(ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲများဖြစ်သည့် လက်ဝှေ့ပြိုင်ပွဲကို နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ တပ်နယ်အားကစားခန်းမ၌ ၄၈ ကီလို လူသစ်တန်း(ဗိုလ်လုပွဲ)၊ ၅၄ ကီလို လူသစ်တန်း(ဗိုလ်လုပွဲ)၊ ၆၇ ကီလိုလူသစ်တန်း (ဗိုလ်လုပွဲ)၊ ၇၁ ကီလို လူသစ်တန်း (ဗိုလ်လုပွဲ)၊ ၅၁ ကီလို(က)အဆင့်(ဗိုလ်လုပွဲ)၊ ၆၀ ကီလို(က)အဆင့်(ဗိုလ်လုပွဲ)၊ ၇၁ ကီလို(က)အဆင့် (ဗိုလ်လုပွဲ)၊ ၅၁ကီလို အလွတ် တန်း (ဗိုလ်လုပွဲ)၊ ၆၀ ကီလို အလွတ်တန်း(ဗိုလ်လုပွဲ)၊ ၆၃ ဒသမ ၅ ကီလို အလွတ်တန်း(အကြို ဗိုလ်လုပွဲ )၊ ၆၇ ကီလို အလွတ်တန်း (ဗိုလ်လုပွဲ)၊ ၇၁ကီလို အလွတ်တန်း (ဗိုလ်လုပွဲ)ပွဲစဉ်ပြိုင်ပွဲ များကိုလည်းကောင်း၊ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲမှ မာရသွန်ပြေး ပြိုင်ပွဲကိုလည်းကောင်း၊ တိုက်ကွမ်ဒိုပြိုင်ပွဲကိုဇေယျာသီရိ အားကစားရုံ(A)၌ (ဂ)အဆင့်ပင်းဝိတ်တန်း (၅၄)ကီလိုအောက်၊ (ခ)အဆင့်ပင်းဝိတ်တန်း(၅၄)ကီလိုအောက်၊ (ဂ)အဆင့်ပင်းဝိတ်တန်း (၅၄) ကီလိုအောက်၊ (ခ) အဆင့်ပင်းဝိတ်တန်း(၅၄)ကီလိုအောက်၊ (က)အဆင့်ပင်းဝိတ်တန်း(၅၄)ကီလိုအောက်၊ (ခ) အဆင့်လိုက်ဝိတ်တန်း(၆၈-၇၄)ကီလို၊ (က)အဆင့်လိုက် ဝိတ်တန်း(၆၈-၇၄)ကီလို၊ (ဂ)အဆင့် ပင်းဝိတ်တန်း (၅၄)ကီလိုအောက်၊ (ခ)အဆင့်ပင်းဝိတ်တန်း (၅၄)ကီလိုအောက်၊ (က)အဆင့်ပင်းဝိတ်တန်း( ၅၄ ) ကီလိုအောက်၊ (ခ)အဆင့်လိုက်ဝိတ်တန်း (၆၈-၇၄)ကီလို၊(က)အဆင့်လိုက်ဝိတ်တန်း (၆၈-၇၄) ကီလို၊ (ဂ) အဆင့် ပင်းဝိတ်တန်း (၅၄) ကီလိုအောက်၊ (ခ)အဆင့် ပင်းဝိတ်တန်း (၅၄)ကီလိုအောက်၊ (က)အဆင့် ပင်းဝိတ်တန်း (၅၄)ကီလိုအောက်၊ (ခ)အဆင့်လိုက်ဝိတ်တန်း(၆၈-၇၄)ကီလို၊ (က)အဆင့်လိုက် ဝိတ်တန်း(၆၈-၇၄)ကီလိုနှင့် (ဂ)အဆင့်တစ်ဦးချင်း(ကကွက်)နှင့် (ဂ)အဆင့် အသင်းလိုက် (ကကွက်) ရှုံးထွက်ပွဲစဉ် ဆီမီးဖိုင်နယ်ပွဲစဉ်များကိုလည်း ကောင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ဝင်းအတွင်းတွင် ပိုက်ကျော်ခြင်းပြိုင်ပွဲမှ အလွတ်တန်းသုံးယောက်တွဲ အသင်းလိုက်၊ ရှုံးထွက်ပွဲစဉ်များနှင့် ၂၅ နှစ်အောက်အလွတ်တန်း သုံးယောက်တွဲအဖွဲ့လိုက် ရှုံးထွက်ပွဲစဉ်တို့ကိုလည်းကောင်း ယှဉ်ပြိုင်ကစားကြသည်။

အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖလား (က)အဆင့်ဘောလုံးပြိုင်ပွဲတတိယ လုပွဲအဖြစ် အရှေ့ပိုင်းတိုင်းစစ်ဌာနချူပ် ကိုယ်စားပြုအသင်းနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့သည်ယနေ့ ညနေပိုင်းတွင် ဇေယျာသီရိ တပ်မတော်အားကစားကွင်း၌ တတိယနေရာ လုပွဲစဉ်အဖြစ် ဆက်လက်ယှဉ်ပြိုင်ကစားကြရာ မြောက်ပိုင်းတိုင်းစစ်ဌာနချူပ် ကိုယ်စားပြုအသင်းက အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းအား ငါးဂိုး - နှစ်ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။

အဆိုပါ အားကစားပြိုင်ပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment