Tuesday, November 22, 2022

(၃၃)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အခမ်းအနားကျင်းပ

ပုသိမ် နိုဝင်ဘာ ၂၂

(၃၃)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အခမ်းအနားအား ယမန်နေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မူကြိုရင်သွေးငယ်များနှင့် အုပ်ထိန်းသူမိဘများ တက်ရောက်ခဲ့ကြသည်။








ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က “ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း၌ ကလေးသူငယ်များ၏ အခွင့်အရေး(၄)ရပ်ဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ပိုင်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်များကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးသကဲ့သို့ အခွင့်အရေးများ အပြည့်အဝရရှိအောင် ကာကွယ်စောင့်ရှောက်မှုများလည်း ပြုလုပ်ပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းသာမက နိုင်ငံတော်၏ ဦးတည်ချက်များ၊ ကုလသမဂ္ဂစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင် (၁၇)ရပ်၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း၊ အာဆီယံသဘောတူညီချက်နှင့် လုပ်ငန်းအစီအစဉ်များ အစရှိသည်တို့ကို ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ မူဝါဒများနှင့်အညီ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးကို ကြိုပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလေးများ အသက်ရှင်သန်ဖို့၊ ဦးနှောက်နှင့် ကိုယ်ခန္ဓာဖွံ့ဖြိုးတိုးတက်ရန် ကျန်းမာရေးသည် အရေးကြီးသည့်အတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက လူမှုကာကွယ်စောင့်ရှောက်ရေးမဟာဗျူဟာကို ချမှတ်ပြီးဆောင်ရွက်လျက်ရှိပါကြောင်း၊ မဟာဗျူဟာထဲတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် ၂ နှစ်အထိ ကလေးငယ်များ အာဟာရအတွက် ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်လည်း ပါဝင်ပါကြောင်း၊ ကလေးငယ်များသည် နိုင်ငံ၏အနာဂတ်ကို ဆက်လက်ထုဆစ် ပုံဖော်ကြမည့် မျိုးဆက်သစ်များဖြစ်ပြီး နိုင်ငံတော်အတွက် အရေးကြီးဆုံး၊ တန်ဖိုးအရှိဆုံး လူသားအရင်းအမြစ်များ ဖြစ်ပါကြောင်း၊ ကလေးသူငယ်များကို ပြုစုစောင့်ရှောက်ခြင်းသည် အနာဂတ်နိုင်ငံကို ပုံဖော်ခြင်းပါကြောင်း၊ ယခုနှစ် (၃၃)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းအထိမ်းအမှတ် ဆောင်ပုဒ်သည် "အားလုံးအကျုံးဝင် ဖွံ့ဖြိုးဖို့ကလေးတိုင်းအတွက် ဆောင်ရွက်စို့" ဖြစ်ပါကြောင်း၊ ပြည်သူလူထုအနေဖြင့် ကလေးများတွေ့ကြုံနေရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်ပေးရမှာ ဖြစ်ပါကြောင်း” တိုက်တွန်းပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့ မူလတန်း ကြိုကျောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ကိုယ်ထူကိုယ်ထမူကြိုကျောင်း၊ ပုသိမ်မြို့ ကလေးပြုစုရေးဌာနနှင့် အမှတ်(၁)ရပ်ကွက် မိခင်ဝိုင်းတို့မှ ရင်သွေးငယ်များ၏ ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုလက်ဆောင်များပေးအပ်ကာ ကလေးငယ်များနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)


No comments:

Post a Comment