Friday, November 25, 2022

ရွှေသွေးဂျာနယ်ထွက်ရှိ

နေပြည်တော် နိုဝင်ဘာ ၂၄

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

၂၆-၁၁-၂၀၂၂ ရက်(စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ်(၄၈) တွင် မျောက်နီတာ၏ ပညာဉာဏ်ရှိမှုကြောင့် အသက်ဘေးက လွတ်မြောက်သွားသော ရွှေယုန်အကြောင်း ရေးဖွဲ့ထားသည့် “ရွှေယုန်နဲ့ အိပ်မက်” မျက်နှာဖုံးကာတွန်း၊ ဂျပန်ရိုးရာ အားကစားနည်းတစ်ခုဖြစ်သည့် ဆူမိုနပန်းပွဲအကြောင်း ဗဟုသုတ ဖြစ်ဖွယ် တင်ဆက်ထားသည့် “ဂျပန်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ဆူမိုနပန်းပွဲ” သုတဆောင်းပါး၊ ကျေးဇူးရှင် သခင်များအပေါ် အလိုက်သိတတ်ပြီး ကျေးဇူးသိတတ်သော ခွေးလေးအောင်နက်၏ သနားစဖွယ်အဖြစ်ကို ရေးဖွဲ့ထားသည့် “ကျေးဇူးသိသော အောင်နက်လေး”နှစ်မျက်နှာကာတွန်း၊ မိဘများ၏ အလိုလိုက်ခြင်းကို ခံရသော်လည်း အလိုက်မသိတတ်သော ကျောင်းသူလေး မိစုသည် နောက်ဆုံးတွင် မိဘများအပေါ် အမြင်မှန်ရလာပုံအကြောင်း တင်ဆက်ထားသည့် “မိသားစုသံယောဇဉ်” ဝတ္ထုကဏ္ဍ၊ သစ်သီးဆိုင်က သစ်သီးကို ပိုင်ရှင်မသိအောင် ယူပြေးရာက ဒုက္ခရောက်ရသော လူငယ်လေးတစ်ယောက်အကြောင်း သရုပ်ဖော်ထားသည့် “အကြံ” တစ်မျက်နှာကာတွန်း၊ လူတစ်စု၏ မတော်လောဘစိတ်ကြောင့် တစ်ရွာလုံးဆင်းရဲသွားရ ပုံအကြောင်း ရေးဖွဲ့ထားသည့် “ဂျုံစက်ပိုင်ရှင် အဘိုးကြီး” ပုံပြင်ကဏ္ဍ၊ သားသား၊ မီးမီးတို့သည် ကိုယ်ကျင့်သီလငါးပါးကို စောင့်ထိန်းခြင်း ဖြင့် မြင့်မြတ်သူများဖြစ်အောင် ကြိုးစားသင့်ကြောင်း ရေးဖွဲ့ထားသည့် ဆရာအောင်ဇော်ဦး (ကြို့ပင်ကောက်)၏ “ငါးပါးသီလ” ကဗျာ ကဏ္ဍအပါအဝင် ဉာဏ်စမ်းကဏ္ဍနှင့် အင်္ဂလိပ် စကားဝိုင်း ကဏ္ဍစုံလင်စွာဖြင့် ထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန် စာအုပ်အရောင်းဆိုင်များ တွင် ဝယ်ယူနိုင် ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment