နေပြည်တော် နိုဝင်ဘာ ၁၀
နေပြည်တော်စက်မှုဇုန်ကြီးကြပ်ရေးကော်မတီ၊ ဆပ်ကော်မတီဥက္ကဋ္ဌများနှင့် စီမံခန့်ခွဲရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၃)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
ထို့နောက် တက်ရောက်လာကြသည့် ဆပ်ကော်မတီအသီးသီးမှဥက္ကဋ္ဌနှင့်
အဖွဲ့ဝင်များက စက်မှုဇုန်အတွင်း
ရင်းနှီးမြှုပ်နှံမှုပြုရန် မြေကွက်လျှောက်ထားမှုများ၊ မြေနေရာချထားခွင့်ပြုနိုင်ရေး
ကိစ္စရပ်များ၊ စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊
၊လျှပ်စစ်ဓါတ်အားလိုင်း ကိစ္စရပ်များ၊ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ၊
သန့်ရှင်းသာယာလှပရေး ကိစ္စရပ်များကို သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆွေးနွေး တင်ပြကြရာ
နေပြည်တော် စက်မှုဇုန်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီအဖွဲ့ဝင်
ဦးဇေယျာလင်းက ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည် များကို ဖြည့်စွက်ဆွေးနွေး
ပေးခဲ့ကြောင်းသိရသည်။
အောင်ကို(ပြန်/ဆက်)


No comments:
Post a Comment