Saturday, November 5, 2022

ဝန်ထမ်းများပျော်ရွှင်အပန်းဖြေစေရန် လှည့်လည်ဖျော်ဖြေတင်ဆက်

 

နေပြည်တော် နိုဝင်ဘာ ၄


နိုင်ငံတော်အစိုးရ၏ယန္တရား ကောင်းမွန်စွာလည်ပတ်နိုင်ရေးအတွက် ကျရာကဏ္ဍမှ တာဝန်သိစိတ်ဖြင့်ဆောင်ရွက်နေကြသည့် ဝန်ထမ်းများကို စိတ်လက်ပေါ့ပါးစွာ အပန်းဖြေပျော်ရွှင်မှုရရှိစေ ရန် ရည်ရွယ်ချက်ဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပေးမြှင့်တင်မှုတစ်ခုအဖြစ် တန်ဆောင်တိုင်ကာလနှင့်တိုက်ဆိုင်ကာ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှခေတ်ပေါ် တေးဂီတအဖွဲ့နှင့်အတူ နိုင်ငံကျော်တေးသံရှင်များ၊ မြန်မာ့အသံမှ တေးသံရှင်များက နေပြည်တော်ရှိဝန်ကြီးဌာနများသို့ လှည့်လည်ဖျော်ဖြေလျက်ရှိသည်။

အဆိုပါ ဖျော်ဖြေပွဲကို ယနေ့မွန်းလွဲပိုင်းက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတွင်ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦးနှင့် တာဝန်ရှိသူများသည် နိုင်ငံကျော်အဆိုတော်များနှင့် မြန်မာ့အသံမှတေးသံရှင်များကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ဖျော်ဖြေပွဲသို့ ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၏ ဇနီးများ၊ အရာထမ်း၊ အမှုထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ ပျော်ရွှင်စွာကြည့်ရှုအားပေးကြပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ခေတ်ပေါ်တေးဂီတအဖွဲ့နှင့်တွဲဖက်၍ မြန်မာ့အသံမှတေး သံရှင်များက မြန်မာသံစဉ်တေးသီချင်းများ၊ ခေတ်ပေါ်တေး သီချင်းများဖြင့်လည်းကောင်း၊ နိုင်ငံကျော်အဆိုတော် မြန်မာပြည်သိန်းတန်က “တစ်ပါးသူမနမ်းစေချင်” ၊ “မန်းမြေမှာလေး နှစ်တာ” ၊ “ရန်ကုန်မှာပြန်တွေ့ကြမယ်” ၊“အန်ကယ် No”၊ “ကမ္ဘာ့ အပြင်ဘက်”၊ “ရွှေသုန္ဒရီ”၊ “သောကတောင်တန်း” ၊ “နှင်း ပွင့်သစ္စာ” ၊ “စနေထောင့်မှာပန်းလှူမယ်” ၊“ယောသူတို့ရွာ” တေး သီချင်းများဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ကြရာ ဝန်ထမ်းများနှင့် မိသားစုဝင်များ ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။

ထို့အတူ ညနေပိုင်းတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၌ ဖျော်ဖြေပွဲကို ဆက်လက်ကျင်းပ ရာဖျော်ဖြေပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့် ဇနီးမိသားစုများ၊ ဌာနဆိုင်ရာအကြီးအကဲများ၏ ဇနီးများ၊ အရာထမ်း၊ အမှုထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ ပျော်ရွှင်စွာကြည့်ရှုအားပေးကြသည်။

ဖျော်ဖြေပွဲတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ခေတ်ပေါ်တေးဂီတအဖွဲ့နှင့်အတူ မြန်မာ့ အသံမှ တေးသံရှင်များက မြန်မာသံစဉ်တေးသီချင်းများ၊ ခေတ်ပေါ်တေးသီချင်းများဖြင့်လည်းကောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ အဉ္ဇလီအငြိမ့်အဖွဲ့မှ ခေါင်းဆောင်မင်းသမီးမြတ်ဆုချယ်၊ ရှေ့ထွက်မင်းသမီးမြတ် သဇင်သင်း၊ လူရွှင်တော်စောမင်းနောင်၊ ဇော်မင်းထွန်း၊ လင်းဇော်နိုင်၊ ကျော်မင်းစိုး၊ မျိုးကျော်သူနှင့် စိုင်းစည်သူတို့က အငြိမ့်ကပြမှုဖြင့်လည်းကောင်း၊ နိုင်ငံကျော်အဆိုတော် မြန်မာပြည်သိန်းတန်က တေးသီချင်းများဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ကြရာ ဝန်ထမ်းများနှင့် မိသားစုဝင်များ ပျော်ရွှင်စွာကြည့်ရှုအားပေးကြသည်။

အဆိုပါ ဖျော်ဖြေရေးအစီအစဉ်ကို ကျန်ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းအသီးသီးသို့လည်း ဆက်လက်သွားရောက်ပြီးဖျော် ဖြေတင်ဆက်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment