Wednesday, November 2, 2022

ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပစဉ်အတွင်း ဓာတ်အားမပြတ် ဖြန့်ဖြူးပေးနိုင်ရေး ကြည့်ရှုစစ်ဆေး



 နေပြည်တော် နိုဝင်ဘာ ၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကထိန်သင်္ကန်းဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကျင်းပစဉ် အတွင်း တည်ငြိမ်ပြည့်ဝသော လျှပ်စစ်ဓာတ်အားများ လုံလောက် စွာ စဉ်ဆက်မပြတ် ဖြန့်ဖြူးပေး နိုင်ရေးနှင့် လျှပ်စစ်သုံးစွဲမှုများ အဆင်ပြေစေရေးတို့အတွက် ဝန်ထမ်းများက စီမံချက်အတိုင်း မိမိတို့ ဆောင်ရွက်ရမည့် လုပ်ငန်းများကို အထူးတာဝန် တစ်ရပ်အနေဖြင့် ကျေပွန်စွာ ထမ်းဆောင်ကြရန်လိုကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျက ပြောကြားသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီးသည် အောက်တိုဘာ ၃၀ ရက် မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ကထိန် သင်္ကန်းလှူဒါန်းပွဲ အခမ်းအနား ကျင်းပမည့်နေရာနှင့် သံဃာတော် အရှင်သူမြတ်များ သီတင်းသုံးမည့် နေရာများသို့ ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးထားမှုများကို ကြည့်ရှု စစ်ဆေးစဉ် ထိုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းသို့ စစ်ဆေးစဉ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဒုတိယအင်ဂျင်နီယာချုပ် ဦးဇော် မင်းထွန်း၊ မြို့နယ်လျှပ်စစ်အင်ဂျင် နီယာနှင့် တာဝန်ရှိသူများက တည်ငြိမ်ပြည့်ဝသော လျှပ်စစ် ဓာတ်အားများ စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက် ထားရှိမှု အခြေအနေများကို ဝန်အားများဖြင့် စမ်းသပ်တင်ပြ ကြပြီး အင်ဂျင်နီယာချုပ် (ဓာတ်/ဖြန့်) ဦးမျိုးဝင်းက လုပ်ငန်း စီမံချက်နှင့် တာဝန်ချထားမှုများ အား ဖြည့်စွက်တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက နိုင်ငံတော်အဆင့် ကျင်းပမည့် အခမ်းအနား ဖြစ်သဖြင့် ကြီးကြပ်သူများက အဖွဲ့များအား စဉ်ဆက်မပြတ် ကွပ်ကဲစစ်ဆေးသွားရန်၊ အဖွဲ့ဝင် များကလည်း အချိတ်အဆက်မိမိ ဖြင့် ဆောင်ရွက်ကာ လိုအပ်သည်များ အား အချိန်နှင့်တစ်ပြေးညီ တင်ပြ ဆောင်ရွက်သွားရန်၊ ဓာတ်အား လိုင်းအပြောင်းအလဲရှိပါက အမြန် ဆုံး ချိတ်ဆက်ဆောင်ရွက်ရန်၊ ဝန်အားပြည့်ဖြင့် စမ်းသပ်သုံးစွဲ၍ အခြေအနေကို စိစစ်၍ လိုအပ်သည် များ ပြင်ဆင်ကြရန်၊ UPS များ၊ Battery Bank များ၊ Transformer နှင့် Switchgear Control Panel များ၊ အရန်ဓာတ်အားလိုင်းများနှင့် ဒီဇယ်ဓာတ်အားပေးစက်များအား ကြံ့ခိုင်မှုကောင်းမွန်စေရေး အလေး ပေးဆောင်ရွက်ရန်၊ ဓာတ်အား ဖြန့်ဖြူးမည့်နေရာများတွင် လျှပ်စစ် သုံးစွဲမှုများ အဆင်ပြေစေရေး လိုအပ်သည်များ ဖြည့်စွက်ဆောင် ရွက်ပေးရန်၊ အရန်ပစ္စည်းကိရိယာ များအား အမြဲအသင့်ရှိနေစေရန်၊ လုပ်ငန်းခွင်သုံး အကာအကွယ် ဝတ်စုံများ ဝတ်ဆင်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ စည်းကမ်းများ အား လိုက်နာလျက် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံ ရေး အသိ၊ သတိဖြင့် ဆောင်ရွက် သွားကြရန်၊ လုပ်ငန်းများအောင်မြင် စေရေးအတွက် ဆက်စပ်ဌာနအဖွဲ့ အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment