ရန်ကုန် အောက်တိုဘာ ၃၁
ကျောင်းသားလူငယ်များ သတင်းအမှား သတင်းအမှန်ခွဲခြားသုံးသပ်နိုင်ရေးနှင့် အနာဂတ်ကာလအတွက် ထူးချွန်သော မျိုးဆက်သစ်လူငယ်များ ဖြစ်လာစေရေးတို့အတွက် ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီတို့ ပူးပေါင်းဆောင်ရွက်သည့် အသိပညာပေးဟောပြောပွဲများကို အ.ထ.က (၄) ဗိုလ်တထောင်၌ အောက်တိုဘာ ၂၆ ရက်နှင့် အ.ထ.က (၅) ဗိုလ် တထောင်၌ အောက်တိုဘာ ၂၈ ရက်တို့တွင် ကျင်းပသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲများသို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ ဒုတိယဥက္ကဋ္ဌ(၁) ဦးမျိုးထွန်း (မောင်စိမ်းနောင် - လယ်ဝေး)၊ ဒုတိယဥက္ကဋ္ဌ (၂) ဦးတင်မောင်ဦး (ကြို့ပင်ကောက် တင်မောင်ဦး)၊ အတွင်းရေးမှူး ဦးအောင်ပြည့်စုံ၊ တွဲဖက်အတွင်းရေးမှူး (၁) ဦးရဲနိုင်စိုး၊ တွဲဖက်အတွင်းရေးမှူး (၂) ဦးသက်နိုင်ဦးတို့က ဆွေးနွေးဟောပြောကြပြီး ကျောင်းသား ကျောင်းသူ စုစုပေါင်း ၅၀၀ ကျော်ခန့် တက်ရောက်ကြသည်။
ထို့နောက် သတင်းမီဒီယာကောင်စီဥက္ကဋ္ဌက သတင်းမီဒီယာဆိုင်ရာ သိမှတ်ဖွယ်ရာစာအုပ်များကို အမှတ်တရလက်ဆောင်ပေးအပ်ရာ သက်ဆိုင်ရာကျောင်းအုပ်ဆရာမကြီးများက လက်ခံယူပြီး ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment