Sunday, November 20, 2022

သံအမတ်ကြီး ဦးအောင်ကျော်ဇံ ဘရာဇီးလ်ဖက်ဒရယ်သမ္မတနိုင်ငံ ဒုတိယသမ္မတထံ ခန့်အပ်လွှာပေးအပ်

နေပြည်တော် နိုဝင်ဘာ ၁၉

ဘရာဇီးလ်ဖက်ဒရယ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးအောင်ကျော်ဇံသည် ၎င်း၏ ခန့်အပ်လွှာကို ၂၀၂၂ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်တွင် ဘရာဇီးလ်နိုင်ငံ သမ္မတရုံး၌ ဘရာဇီးလ် ဖက်ဒရယ်သမ္မတ နိုင်ငံ ဒုတိယသမ္မတ အန်တိုနီယို ဟမျူတို မာချင်းစ် မော်ရိုထံသို့ ပေးအပ်ခဲ့ပြီး ဖြစ်သည်။ သံအမတ်ကြီးနှင့်အတူ မက္ကဆီကို၊ ဒိန်းမတ်၊ ဖင်လန်၊ နီပေါ၊ အာဂျင်တီးနား၊ အဇာဘိုင်ဂျန်နှင့် အိုမန်နိုင်ငံတို့မှ သံအမတ်ကြီးများလည်း ၎င်းတို့၏ ခန့်အပ်လွှာများအား ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

သတင်းစဉ်

No comments:

Post a Comment